DVB Logo
Home
အားကစား
စကော့တလန်နှင့်ပွဲတွင် စီရော်နယ်ဒိုကို အနားပေးသွားရန်မရှိဟု ပေါ်တူဂီနည်းပြပြော
DVB
·
October 15, 2024
စကော့တလန်နှင့်ပွဲတွင် စီရော်နယ်ဒိုကို အနားပေးသွားရန်မရှိဟု ပေါ်တူဂီနည်းပြပြော
Donate to DVB

စကော့တလန်နဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာလည်း တိုက်စစ်မှူး စီရော်နယ်ဒိုကို အနားပေးသွားဖို့မရှိကြောင်း ပေါ်တူဂီနည်းပြ မာတီနက်ဇ်က ပြောသွားပါတယ်။

ရော်နယ်ဒိုဟာ ပိုလန်နဲ့ ပွဲစဉ်မှာ အနိုင်ဂိုး ၁ ဂိုး သွင်းခဲ့ပြီး နိုင်ငံအတွက် ၁၃၃ ဂိုးအထိ စံချိန်တင်သွင်းယူနိုင်ခဲ့တာပါ။

အဲဒီပွဲစဉ်အပြီး ၃ ရက်အကြာမှာ စကော့တလန်နဲ့ အဝေးကွင်းပွဲစဉ် ဆက်တိုက် ကစားရမှာဖြစ်ပေမဲ့ စီရော်နယ်ဒိုကို အနားပေးဖို့ မရှိဘဲ အသင်းလူစာရင်းမှာ ပါဝင်လာမှာဖြစ်တယ်လို့ နည်းပြမာတီနက်ဇ်က ပြောပါတယ်။

ကစားသမား အားလုံးရဲ့အခြေအနေကို လေ့လာသုံးသပ်ခဲ့ပြီး ရော်နယ်ဒိုဟာလည်း လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးလုပ်ဆောင်နေဆဲ ဖြစ်တာကြောင့် စကော့တလန်နဲ့ပွဲ လူစာရင်းမှာ ပါဝင်လာမှာဖြစ်ကြောင်း ပြောပါတယ်။

အဝေးကွင်း ၂ ပွဲဆက်တိုက်ကစားရတာဖြစ်တဲ့အတွက် ပွဲထွက်လူစာရင်းအပြောင်းအလဲတော့ရှိ နိုင်ကြောင်း နည်းပြမာတီနက်ဇ်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013