DVB Logo
Home
မြန်မာသတင်း
လားရှိုးမြို့အနီးကို စစ်တပ်ဗုံးကြဲ၊ ပြည်သူ ၃ ဦး သေဆုံးပြီး ဘုရားကျောင်းနှင့် အဆောက်အဦများ ပျက်စီး
DVB
·
October 14, 2024
လားရှိုးမြို့အနီးကို စစ်တပ်ဗုံးကြဲ၊ ပြည်သူ ၃ ဦး သေဆုံးပြီး ဘုရားကျောင်းနှင့် အဆောက်အဦများ ပျက်စီး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီးက အီနိုင်းရွာကို အောက်တိုဘာ ၁၄ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီက ဗုံးကြဲလို့ ဘုရားကျောင်း အပါအဝင် အဆောက်အဦနဲ့ ပြည်သူတွေ ထိခိုက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီက အောက်တိုဘာ ၁၃ ရက် ညသန်းခေါင်ကျော် ၁၂ နာရီ ၁၀ မိနစ်နဲ့ ၁၄ မိနစ်ကြားမှာ ကြဲသွားတာလို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“ဗုံးကျတာ ၇ လုံး။ အမျိုးသား‌တွေချည်းပဲ ၃ ယောက် သေသွားတယ်။ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရတယ်။ အသက် ၄ နှစ်အရွယ် ကလေးတယောက် ထိခိုက်ဒဏ်ရာရတယ်။ အကုန်လုံး ပြည်သူတွေပါပဲဗျ။”

ခရစ်ယာန်ဘုရားကျောင်းတကျောင်း၊ ဘုရားကျောင်းထဲက ခန်းမတခု၊ ဖွင့်နေဆဲ ကလေး မူကြိုကျောင်းတကျောင်း ထိခိုက်ပျက်စီးသွားတယ်လို့ သူကပြောပါတယ်။

နောက်ထပ် ဒေသခံတယောက်က “ဟုတ်တယ်ဗျ။ လားရှိုး အီနိုင်းကို ဗုံးကြဲသွားတာ။ လားရှိုးကို သိမ်းပြီးနောက်ပိုင်း လက်ရှိချိန်ထိ လားရှိုးမြို့နဲ့ အနီးတဝိုက်ကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်တိတိ ရှိနေပြီဖြစ်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ ကြဲချခဲ့တဲ့ ဗုံး ၇ လုံးထဲက ၂ လုံးဟာ ပေါင် ၅၀၀ ဗုံးတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ စစ်ရေးနဲ့ လုံးဝမသက်ဆိုင်၊ စစ်ရေးပစ်မှတ် မဟုတ်တဲ့ လူနေအိမ်၊ စာသင်ကျောင်း၊ ဈေးနဲ့ ဘာသာရေး အဆောက်အဦတွေသာ ထိမှန်‌နေတာကြောင့် ပြည်သူတွေပဲ ထိခိုက်သေဆုံးမှု၊ ပျက်စီးဆုံးရှုံးမှု များနေတဲ့အပြင် စိုးရိမ် ထိတ်လန့်နေရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013