DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် မီးမမှန်သော်လည်း မီတာခများ အဆမတန်မြင့်တက်လာ
DVB
·
October 13, 2024
ရန်ကုန်တွင် မီးမမှန်သော်လည်း မီတာခများ အဆမတန်မြင့်တက်လာ
Donate to DVB

ရန်ကုန်မှာ မီတာခတွေဟာ ယခင်ကထက် ထက်ဝက်ချိုးလောက် မြင့်တက်သွားတာကြောင့် ပြည်သူတွေ အခက်အခဲဖြစ်နေကြတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။

ရန်ကုန်မှာ လျှပ်စစ်မီးကို အချိန်ပိုင်းနဲ့သာရရှိနေပေမဲ့ မီတာခပေးဆောင်ရာမှာတော့ ယခင်ကထက် ထက်ဝက်လောက် မြင့်တက်သွားတာကြောင့် ရန်ကုန်မြို့ခံပြည်သူတွေအနေနဲ့ အထွေထွေအသုံးစရိတ်တွေ လျှော့ချကာ မီတာခပေးဆောင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“မီးလာတဲ့အချိန် ထမင်းအိုးတည်တယ်၊ ဟင်းချက်တယ်၊ မီးထွန်းတယ်။ တခါတလေ တီဗီကြည့်တာကို ၄ သောင်းနီးပါးလောက် ကျတယ်၊ ထက်ဝက်လောက် တက်လာတာ။ တချို့အိမ်တွေဆိုရင် တသိန်းကျော်လောက်အထိ ကျတယ်။ မီးမလာတဲ့အချိန် ချက်ရတဲ့ မီးသွေးဖိုးကလည်း ကုန်သေးတယ်။ မီးလုံးတလုံးပဲ ထွန်းရမယ့်အနေအထားဖြစ်နေပြီ” လို့ အင်းစိန်မြို့နယ်၊ ကန္နားအလယ်ရပ်ကွက်မှာ နေသူတယောက်က ပြောပါတယ်။

ဒီလို မီတာခဈေးနှုန်းမြင့်တက်ပေမဲ့ မီတာအဟောင်းတွေကတော့ ဈေးတပ်တာ မသိသာဘဲ ဒီဂျစ်တယ်မီတာတွေကသာ ဈေးပိုတက်တာလို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။

စစ်ကောင်စီရဲ့ လျှပ်စစ်ဌာနက လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူးရေးအတွက် ဆောင်ရွက်ရာမှာ ထုတ်လုပ်မှုကုန်ကျစရိတ်တွေ မြင့်မားလာလို့ မီတာခတိုးကောက်ရတာလို့ အကြောင်းပြထားပါတယ်။

ရွှေပေါက္ကံမှာနေသူတယောက်က “ဒီနေ့ မီတာစာရွက်တွေရတော့ ရပ်ကွက်ထဲက လူတွေ အကုန်ညည်းနေကြတယ်။ ဟိုးအရင်က မီတာအဟောင်းတွေက သိပ်မထိဘူး။ အရင် ၄ ထောင်လောက် ပေးရတယ်ဆိုရင် အခု ၆ ထောင်လောက်ပဲ ကျတယ်။ ဒီဂျစ်တယ်မီတာသမားတွေ တော်တော်ထိတယ်။ ဒါတောင် မီးမမှန်လို့နော်။ မီးသာ မှန်ရင်ပိုဆိုးမှာ” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ အိမ်သုံးမီတာအတွက် ယခင်က အများဆုံး ကျပ် ၁၂၅ ကနေ ယခုကျပ် ၃၀၀ အထိ၊ လုပ်ငန်းသုံးတွေအတွက် ယခင်အများဆုံး ကျပ် ၁၈၀ ကနေ ယခုကျပ် ၅၀၀ အထိ တိုးမြှင့်တယ်လို့ စက်တင်ဘာလက ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013