DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက တလအတွင်း အကြိမ် ၃၅၀ လေကြောင်းတိုက်ခိုက်၊ ၂၁၇ ဦးထက်မနည်း သေဆုံး
DVB
·
October 8, 2024
စစ်ကောင်စီက တလအတွင်း အကြိမ် ၃၅၀ လေကြောင်းတိုက်ခိုက်၊ ၂၁၇ ဦးထက်မနည်း သေဆုံး
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း နဲ့ ရခိုင်ပြည်နယ် အပါအဝင် တခြားပြည်နယ်နဲ့ တိုင်းတွေမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာ တလအတွင်း အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ၃၅၀ ကြိမ်ထိ ပြုလုပ်ခဲ့ပြီး အရပ်သား ၂၁၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ Blood Money Campaign ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်းမှာတော့  ၁၁၈ ကြိမ်၊ ဒုတိယ အများဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ ၆၁ ကြိမ်၊ ရခိုင်ပြည်နယ်မှာ ၅၉ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ 

လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၂၁၇ ယောက်နဲ့ ဒဏ်ရာရရှိသူစုစုပေါင်း ၃၂၇ ယောက်အထိ ရှိခဲ့ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ် ၁၅ ယောက်၊  အမျိုးသမီး ၄၈ ယောက်လည်း ပါဝင်နေပါတယ်။

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၃၀၃ လုံး၊ စာသင်ကျောင်း ၆ ကျောင်းနဲ့ ဘာသာရေး အဆောက်အအုံ ၁၆ ခုအပါအဝင် တခြားဈေးဆိုင်ခန်းတွေဲ့ စီးပွားရေးအဆောက်အအုံတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာလည်း အကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်းက ဒရုန်းနဲ့ ၃၁ ကြိမ်တိုက်ခိုက်ခဲ့တာကြောင့်  ကလေးငယ်တယောက်နဲ့ အမျိုးသမီးတယောက် အပါအဝင် အရပ်သား သေဆုံးသူ ၂၃ ယောက်နဲ့ ဒဏ်ရာရရှိသူစုစုပေါင်း ၃၇ ယောက်အထိရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီအချက်အလက်တွေဟာ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ဆီက ရရှိထားတာဖြစ်ပြီး မြေပြင်ရှိပကတိအခြေအနေနဲ့ ကွာဟမှု ရှိနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013