DVB Logo
Home
မြန်မာသတင်း
မင်းလှတွင် အသက် ၆၀ အရွယ် အမျိုးသား ၁ ဦးကို စစ်တပ်က ဖမ်းဆီးရိုက်နှက်သဖြင့် သေဆုံး
DVB
·
October 5, 2024
မင်းလှတွင် အသက် ၆၀ အရွယ် အမျိုးသား ၁ ဦးကို စစ်တပ်က ဖမ်းဆီးရိုက်နှက်သဖြင့် သေဆုံး
Donate to DVB

ပဲခူးတိုင်း၊ မင်းလှမြို့မှာ အသက် ၆၀ အရွယ် အမျိုးသား ၁ ယောက်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီး ရိုက်နှက်လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဗိုလ်ရုံတန်းလမ်းနေ ဆိုက္ကားနင်းသူ အသက် ၆၀ နှစ်အရွယ် ဦးသန်းအောင်ကို မင်းလှ ထွေအုပ်ရုံးထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တချို့က စက်တင်ဘာ ၂၉ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ဖမ်းဆီးသွားပြီး စက်တင်ဘာ ၃၀ ရက်မှာ  အလောင်းလာထုတ်ဖို့ ဆေးရုံက မိသားစုကို ဆက်သွယ်လာတာဖြစ်တယ်လို့လည်း မြို့ခံတွေဆီကနေသိရပါတယ်။

မင်းလှမြို့ခံတယောက်က “သူက ဆိုက္ကားနင်းပြီး မိသားစုကို လုပ်ကျွေးနေတာပါ။ အသက်ကလည်း ကြီးနေပါပြီ။ ထွေအုပ်ရုံးထဲက စစ်သားတွေက မူးမူးရူးရူးနဲ့ ဖမ်းပြီး နှိပ်စက်လို့ အခုလို ဆုံးသွားရတာပါ” လို့ ပြောပါတယ်။

ဦးသန်းအောင်ကို ထွေအုပ်ရုံးထဲ ဖမ်းဆီးသွားပြီး ဗိုလ်ကြီး အောင်ကျော်လင်းနဲ့ စစ်သားတွေက ရိုက်နှက်ရင်း လက်လွန်သေဆုံးတာဖြစ်တယ်လို့လည်း မင်းလှမြို့နယ်ထွေအုပ်ရုံးနဲ့ နီးစပ်သူ တယောက်က DVB ကို အတည်ပြုပြောပြပါတယ်။

မိသားစုနဲ့ နီးစပ်သူတယောက်က “တညအိပ်ပဲရှိသေးတယ်။ နောက်နေ့မနက် ဆေးရုံကို အလောင်း လာသယ်ခိုင်းတယ်။ မိသားစုဝင်တွေကို သွေးတိုးရောဂါကြောင့် ဦးနှောက်သွေးကြောပြတ်ပြီး သေတာလို့ လက်မှတ်ထိုးပေးမှ အလောင်းထုတ်ပေးမယ်ဆိုပြီး ဇွတ်အတင်းထိုးခိုင်းလို့ လက်မှတ် ထိုးပေးခဲ့ရတယ်” လို့ ပြောပါတယ်။

မင်းလှမြို့က စစ်ကောင်စီအဖွဲ့ဟာ သေဆုံးသူ ဦးသန်းအောင်ရဲ့မိသားစုကို နစ်နာကြေးငွေ သိန်း ၂၀ ပေးပြီး အပြင်ကို သတင်းမထွက်စေဖို့ ဖိအားပေးထားတယ်လို့လည်း သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မင်းလှမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးရိုက်နှက် ညှဉ်းပန်းသတ်ဖြတ်လို့ ဦးသန်းအောင်အပါအအဝင် ပြည်သူ ၆ ယောက်ထက်မနည်း သေဆုံးခဲ့တယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013