DVB Logo
Home
မြန်မာသတင်း
Non-CDM ဆရာ/ဆရာမများကို အရည်အသွေးမြှင့် သင်တန်းများ ပေးနေရ
DVB
·
October 5, 2024
Non-CDM ဆရာ/ဆရာမများကို အရည်အသွေးမြှင့် သင်တန်းများ ပေးနေရ
Donate to DVB

ကျောင်းသားကျောင်းသူတွေ ပညာသင်ယူတတ်မြောက်မှု အားနည်းနေတဲ့အတွက် Non-CDM ဆရာ/ဆရာမတွေကို အရည်အသွေးမြှင့်သင်တန်းတွေ ပေးနေရတယ်လို့ ပညာရေးအသိုက်အဝန်းက သိရပါတယ်။

မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းအဆင့်တိုင်းက ကျောင်းသား ကျောင်းသူတွေဟာ စနစ်သစ်ပညာရေးမှာ တတ်မြောက်မှု အားနည်းနေတဲ့အတွက် Non-CDM ဆရာ/ဆရာမတွေကို အရည်အသွေးမြှင့် သင်တန်းဆွေးနွေးပွဲတွေလုပ်ဖို့ ညွှန်ကြားနေရပြီး လုံခြုံရေးကောင်းမွန်တဲ့ မြို့ပေါ်တွေမှာ ပြုလုပ်ဖို့ရှိတယ်လို့ ရန်ကုန်တိုင်းပညာရေးမှူးရုံးက သိရပါတယ်။

“သင်ရိုးညွှန်းတမ်းတွေကို ဆရာ/ဆရာမတွေကိုယ်တိုင် သေချာနားမလည်ကြတော့ အရည်အသွေးမြှင့်သင်တန်းတွေ လုပ်ရမယ်ဆိုတာမျိုး ပြောထားတာရှိတယ်။ အဓိက ကတော့ အထက်တန်းအဆင့်ပေါ့။ လုပ်တာကတော့ အကုန်လုပ်ရမှာ။ လုံခြုံရေးအရ မလုပ်နိုင်တဲ့ မြို့နယ်တွေရှိတော့ ခဏ နောက်ဆုတ်ထားရတယ်” လို့ ရန်ကုန်တိုင်းပညာရေးမှူးရုံးက အရာရှိတယောက်က ပြောပါတယ်။

စက်တင်ဘာလက သင်ကြားသင်ယူမှု ထိရောက်ရေးအတွက် အရည်အသွေးမြှင့် သင်တန်းဆွေးနွေးပွဲတွေကို သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ ပြုလုပ်ဖို့ စီစဉ်ထားပေမဲ့ လာမယ့် ဒီဇင်ဘာကျောင်းပိတ်ရက်မှသာ ပြုလုပ်နိုင်ခြေရှိတယ်လို့ သိရပါတယ်။

ဒီလို သင်တန်းဆွေးနွေးပွဲတွေဟာ အဖြစ်သဘောလောက်သာပြုလုပ်တာမျိုးဖြစ်ပြီး အချို့သင်တန်းနည်းပြတွေဆိုရင် သင်ကြားချိန်မဝင်တာမျိုးတွေတောင် ရှိတယ်လို့ Non-CDM ဆရာ ဆရာမတွေက ပြောပါတယ်။

“သင်တန်းလို့သာပြောတာ အဲ့ဒီမှာသွားပြီး အချိန်ဖြုန်းနေရတာ။ တချို့သင်တန်းနည်းပြတွေဆိုရင် မရှင်းတာ ဘာရှိလဲဆိုတာ စာရွက်နဲ့ရေးခိုင်းပြီး နားနေခန်းကို လာပို့ထားဆိုတာမျိုးလုပ်တာ။ သင်တာတွေကလည်း အပေါ်ယံစာတွေ ဖတ်ပြပြီး ပြန်သွားကြတာ” လို့ Non-CDM ဆရာမတယောက်က ပြောပါတယ်။

ဒီလိုသင်တန်းတွေ လုပ်မယ်ဆိုရင် သင်တန်းတက်ရမယ့် စာရင်းပါသူတွေထဲက အချို့ဟာ ရပ်ဝေးကနေ လာရောက်ရသူတွေ ပါဝင်တာကြောင့် ငွေကြေးကုန်ကျမှုများပေမဲ့ ကုန်ကျစရိတ် ပြန်ထုတ်မပေးဘူးလို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း Non-CDM ဆရာဆရာမတွေကို သင်တန်းဆွေးနွေးပွဲတွေ မကြာခဏ ပေးနေတာကြောင့် ပညာသင်နှစ်တနှစ်လုံး အနားမရကြဘူးလို့ Non-CDM တွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013