DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ပထမဆုံးကျင်းပသည့်  AA  အရာရှိလေ့ကျင့်ရေးသင်တန်းဆင်းပွဲ (ဓာတ်ပုံ)  
DVB
·
May 24, 2024
ရခိုင်တွင် ပထမဆုံးကျင်းပသည့်  AA  အရာရှိလေ့ကျင့်ရေးသင်တန်းဆင်းပွဲ (ဓာတ်ပုံ)  
1 / 5
Donate to DVB

ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အာရက္ခတပ်တော်(AA) ရဲ့ အမှတ် (၃) အရာရှိလေ့ကျင့်ရေးသင်တန်းဆင်းပွဲကို  အရာရှိလောင်း ၃၀၀ ကျော်နဲ့အတူ ရခိုင်ပြည်နယ်မှာ ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA) က ထုတ်ပြန်ပါတယ်။

အာရက္ခတပ်တော်ရဲ့ အမှတ်စဉ် (၃) သင်းတန်းဆင်းပွဲကို မေလ၂၀ ရက်က ကျင်းပခဲ့တာဖြစ်ပြီး သင်တန်းသား ၃၂၆ ဦးနဲ့ ရခိုင်ပြည်နယ်မှာ ပထမဆုံးစတင်ကျင်းပနိုင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုသင်တန်းဆင်းလာသူတွေဟာ ဦးစီးဦးဆောင်ပြုနိုင်တဲ့၊ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝတဲ့ စစ်သည်တော်ကောင်းတွေနဲ့ စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေ ပေါ်ထွန်းလာရေး၊ ရခိုင်ဒေသနဲ့ ရခိုင်ပြည်သူလူထုတွေကို ကာကွယ်စောင့်ရှောက်နိုင်ရေး စတဲ့ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်တွေနဲ့ အရည်အချင်းပြည့်မီတဲ့ အရာရှိတွေကို လေ့ကျင့်ပေးခဲ့တာလို့ ဆိုထားပါတယ်။

အဆိုပါသင်တန်းကို  ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး ၁ နှစ်နဲ့ ၇ လအထိကြာမြင့်ခဲ့ပါတယ်။

အရာရှိလောင်း လေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁) ကို ၂၀၁၈ ခုနှစ်၊ ဧပြီ ၁၀ ရက်မှာ တပ်တော်နေ့အခမ်းအနားနဲ့အတူ ကချင်ပြည်နယ်မှာ သင်တန်းသူ/ သား (၁၃၈) ဦးနဲ့ စတင်ဖွင့်လှစ်ခဲ့ပြီး အမှတ်စဉ် (၂) ကိုလည်း ကချင်ပြည်နယ်မှာ ဖွင့်လှစ်ခဲ့ ပါတယ်။

လာမယ့် အမှတ်စဉ် (၄) နဲ့ အခြေခံစစ်ပညာသင်တန်းတွေကိုလည်း  ဖွင့်လှစ်သွားဖို့ ရှိပြီး ဖွင့်လှစ်မယ့်အချိန်တွေကို ရခိုင်ပြည်သူ/ ပြည်သားတွေကို ထပ်မံအသိပေးသွားမယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ လူငယ်၊ လူရွယ်တွေအနေနဲ့ အမျိုးသားရေးအသိစိတ်ဓာတ်၊ မွေးရာပါအသိစိတ်ဓာတ်တိုနဲ့ သမိုင်းပေးတာဝန်ကို လူတိုင်းထမ်းဆောင်ကြရမှာဖြစ်ပြီး AA မှာ စစ်မှုထမ်းရွက်ပြီး ရခိုင်ဒေသအတွက် တာဝန်ယူလိုကြတဲ့ လူငယ်၊ လူရွယ်တွေအနေနဲ့ နီးစပ်ရာစစ်ဒေသတွေက တဆင့်စုံစမ်းပြီး အာရက္ခဒေသတည်ဆောက်ရေး၊ ကာကွယ်ရေးနဲ့ တည်တံ့ရေး လုပ်ငန်းတွေမှာ ပါဝင်ကြဖို့ ဖိတ်ခေါ်ထားကြပါတယ်။

စစ်ရေးအကဲခတ်တဦးက “ ရခိုင်ပြည်အတွက်ဒီကာလမှာ အရည်အချင်းရှိတဲ့ အရာရှိကောင်းတွေ မွေးထုတ်ပေးနိုင်တာ တော်တော်လေးကို ကောင်းမွန်တဲ့ ရလဒ်ဖြစ်တယ်။ စစ်ရေး၊ နိုင်ငံရေးအရ အရေးကြီးနေချိန်မှာ ဒီလို လူငယ်တွေကို မွေးထုတ်ပေးနိုင်တာက ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးတွေအတွက် တော်တော်အထောက်အကူဖြစ်လာနိုင်တယ်” လို့ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ပွဲကာလ ၆ လကျော်အတွင်းမှာ AA က ၁၀ မြို့နယ် သိမ်းပိုက်ရရှိထားပြီး လက်ရှိမှာ အမ်း၊ သံတွဲနဲ့ မောင်တောမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။

Photo-AA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013