DVB Logo
Home
နိုင်ငံတကာ
Dior လက်ကိုင်အိတ် လက်ဆောင်ယူခဲ့မှုဖြင့် တောင်ကိုရီးယားသမ္မတကတော်ကို စွဲချက်မတင်ရန် ဆုံးဖြတ်
DVB
·
October 3, 2024
Dior လက်ကိုင်အိတ် လက်ဆောင်ယူခဲ့မှုဖြင့် တောင်ကိုရီးယားသမ္မတကတော်ကို စွဲချက်မတင်ရန် ဆုံးဖြတ်
Donate to DVB

Christian Dior လက်ကိုင်အိတ် လက်ခံခဲ့မှု အပါအဝင် လက်ဆောင်ပစ္စည်းတွေ မသင့်မလျော် လက်ခံခဲ့မှုတွေနဲ့ စုံစမ်းစစ်ဆေးခံနေရတဲ့ တောင်ကိုရီးယားသမ္မတကတော် ကင်မ်ကွန်ဟီးကို စွဲချက်မတင်တော့ဘူးလို့ တောင်ကိုရီးယား ဥပဒေအရာရှိတွေက ဆုံးဖြတ်ခဲ့ပါတယ်။

ဒီအရှုပ်တော်ပုံဟာ တောင်ကိုရီးယား နိုင်ငံရေးလောကကို လှုပ်ခတ်သွားခဲ့ပြီး ဧပြီလအတွင်းက လွှတ်တော်ရွေးကောက်ပွဲမှာ သမ္မတ ယွန်းဆွတ်ခ်ယိုးရဲ့ ပါတီ အရေးနိမ့်ခဲ့ရတဲ့အထိ ရိုက်ခတ်မှုပြင်းခဲ့ပါတယ်။

သမ္မတကတော်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတွေကို ချိုးဖောက်ခြင်း ရှိ၊ မရှိ လနဲ့ချီ စုံစမ်းစစ်ဆေးအပြီးမှာတော့ သမ္မတကတော်ဟာ သူ့မိတ်ဆွေ ခရစ်ယာန်ဘုန်းတော်ကြီး တပါးထံကနေ လက်ကိုင်အိတ်၊ Chanel အလှကုန်တွေနဲ့ ဝီစကီ ပုလင်းကို လက်ခံခဲ့ပေမဲ့ ဒီလက်ဆောင်တွေဟာ သူ့ရဲ့ သမ္မတကတော် တာဝန်တွေနဲ့ ပတ်သက်မှုမရှိသလို အပြန်အလှန်အနေနဲ့ အခွင့်အရေးပေးမှု တစုံတရာ မရှိခဲ့ဘူးလို့ ဥပဒေအရာရှိရုံးက ထုတ်ပြန်ပါတယ်။

ဒါကြောင့် သမ္မတကတော်အပေါ်မှာရော ဘုန်းတော်ကြီး အေဘရာဟင်မ်ချွိုင် အပေါ်မှာပါ အဂတိလိုက်စားမှု စွဲချက်တင် တရားစွဲဆိုဖို့ မလုပ်ဆောင်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ချွိုင်ဟာ လက်ဆောင်ပေးနေပုံကို ကင်မရာနဲ့ခိုးရိုက်ထားပြီး ယွန်းကိုဆန့်ကျင်တဲ့ ယူကျုဘ်ချန်နယ်မှာ တင်ခဲ့ပါတယ်။

ချွိုင်က ဒီလိုလက်ဆောင်ပေးပြီး အခွင့်အရေးတောင်းခဲ့တယ်လို့ ထွက်ဆိုခဲ့ကြောင်း မီဒီယာတွေကို ပြောထားပါတယ်။

ဒါပေမဲ့ ဥပဒေအရာရှိတွေကတော့ ဒီလက်ဆောင်ပေးမှုဟာ ပုဂ္ဂိုလ်ရေးဆန်ဆန်သာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အတိုက်အခံအမတ်တွေကတော့ အထူးစုံစမ်းရေးအရာရှိ သီးသန့်ခန့်အပ်ပြီး ဒီကိစ္စတင်မကဘဲ သမ္မတကတော်ရဲ့ အခြားပုံမှန်မဟုတ်တဲ့ကိစ္စတွေကို စုံစမ်းဖို့ တောင်းဆိုခဲ့ပါတယ်။

အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်က ဒီစစ်ဆေးမှုလုပ်ဆောင်ဖို့ ဥပဒေကြမ်းတရပ်ကို ပြီးခဲ့တဲ့လက အတည်ပြုခဲ့ပေမဲ့ သမ္မတယွန်းက ဗီတိုအာဏာနဲ့ ပယ်ချခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013