DVB Logo
Home
မြန်မာသတင်း
မအူပင်တွင်  မသန်စွမ်းသူများကိုပါ စစ်မှုထမ်းဆင့်ခေါ်  စစ်သင်တန်းကျောင်းပို့
DVB
·
October 2, 2024
မအူပင်တွင်  မသန်စွမ်းသူများကိုပါ စစ်မှုထမ်းဆင့်ခေါ်  စစ်သင်တန်းကျောင်းပို့
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေက  မသန်စွမ်းလူငယ်အမျိုးသားတွေကိုပါ စစ်မှုထမ်းဖို့ ခေါ်ယူခဲ့တယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။ 

မအူပင်မြို့ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးက ရပ်ကွက်ထဲမှာရှိတဲ့ ဒေသခံ သန်စွမ်းလူငယ် ၃ ယောက်ကို စစ်မှုထမ်းဆင့်ခေါ်ပြီး စက်တင်ဘာလ ပထမအပတ်က စစ်သင်တန်းပို့ခဲ့တာကြောင့် မိသားစုတွေက တိုင်းစစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ကို စာတင်ပြထားပေမဲ့ အောက်တိုဘာ ၁ ရက် အထိ အကြောင်းမထူးသေးဘူးလို့ ဆိုပါတယ်။ 

စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရသူတွေနဲ့ နီးစပ်သူက “အပတ်စဉ် ၅ အတွက် ခေါ်တဲ့အထဲမှာ မသန်စွမ်း ၃ ယောက်ပါသွားတာ။ မသန်စွမ်းမှန်း သိသိရက်နဲ့ သင်တန်းကျောင်းစေလွှတ်ခဲ့တာ။ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နဲ့ မြို့နယ်ထွေအုပ်တွေရဲ့ လုပ်ချက်လေ။ မိသားစုတွေက မသန်စွမ်းတွေပါလို့ တင်ပြတာမရကို မရဘူး”လို့ ပြောပါတယ်။ 

တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က''မသန်စွမ်းတွေကို စစ်မှုထမ်းဖို့ ညွှန်ကြားထားတာ မရှိသေးပါဘူး။ ခေါ်မှာလည်း မဟုတ်ပါဘူး။ မသန်စွမ်းတွေက ကင်းလွတ် ခွင့်ပြုထားတဲ့ အထဲမှာပါတာမို့ပါ။  အခု မသန်စွမ်းတွေပါလာတယ်ဆိုတာက မြေပြင်မှာ အုပ်ချုပ်ရေး အဖွဲ့တွေရဲ့ လုပ်ဆောင်ချက်အမှားလား ဘာလဲဆိုတာကို စစ်ဆေးရပါလိမ့်မယ်'' လို့ ပြောပါတယ်။ 

စစ်သင်တန်းကျောင်းအပို့ ခံရတဲ့ မသန်စွမ်း လူငယ် ၃ ယောက်မှာ အသက် ၁၇ အရွယ် တယောက် ၊ အသက် ၁၈ အရွယ် တယောက်နဲ့ အသက် ၂၀ ကျော် အရွယ် တယောက်တို့ ဖြစ်ကြပါတယ်။

မအူပင်မြို့နယ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းအတွက် မသန်စွမ်းတွေကိုပါ စစ်မှုထမ်းခေါ်ပြီး ထည့်ပေးနေတာနဲ့ ပတ်သက်လို့ အမှန်တကယ် မသန်စွမ်းဖြစ်ကြောင်းနဲ့ တခြားအချက်အလက်တွေကို မိသားစုနဲ့ တတ်သိနားလည်သူတွေက စစ်ကောင်စီတိုင်း စစ်မှုထမ်း ဆင့်ခေါ်နေရးအဖွဲ့ကို တင်ပြထားတယ်လို့  သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013