DVB Logo
Home
မြန်မာသတင်း
Anonymous Force အဖွဲ့ဝင်များကို ဖမ်းမိဟု စစ်ကောင်စီထုတ်ပြန်
DVB
·
September 29, 2024
Anonymous Force အဖွဲ့ဝင်များကို ဖမ်းမိဟု စစ်ကောင်စီထုတ်ပြန်
Donate to DVB

ရန်ကုန်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၁၀၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတယောက်ကို ပစ်ခတ်လုပ်ကြံခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး Anonymous Force အဖွဲ့ဝင်တွေကို ဖမ်းမိခဲ့တယ်လို့  စစ်ကောင်စီက စက်တင်ဘာ ၂၈ ရက်ညမှာ ထုတ်ပြန်ပါတယ်။

ဖြစ်စဉ်မှာ ပါဝင်သူ ၁၂ ယောက်ကို စက်တင်ဘာ ၂၄ ရက်ကနေ ၂၇ ရက်အတွင်း ပစ္စတို ၂ လက်၊ ကျည်ဆန်တွေနဲ့အတူ ဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ စွပ်စွဲဖော်ပြထားပေမဲ့  Anonymous Force အဖွဲ့ဝင်တွေ ဟုတ်၊ မဟုတ်နဲ့ ဖမ်းဆီးခံရသူတွေဟာ တကယ်ပစ်ခတ်ခဲ့သူတွေ ဟုတ်၊ မဟုတ်တော့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။ 

ဖမ်းဆီးခံရသူထဲမှာ ပစ်ခတ်မှုနဲ့ မသက်ဆိုင်တဲ့ NLD အစိုးရလက်ထက်က  အုပ်ချုပ်ရေးမှူးဟောင်းတွေပါပြီး စက်တင်ဘာ ၂၇ ရက် ညနေက တောင်ဒဂုံ ၁၀၇ ရပ်ကွက်မှာဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီအုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က DVB ကိုပြောပါတယ်။

“စစ်တပ် အာဏာသိမ်းကတည်းက နုတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူးဟောင်းနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ လာဖမ်းတယ်။ ၇၁ ရပ်ကွက်နဲ့ ၇၂ ရပ်ကွက်ထဲမှာလည်း အဖမ်းခံရတဲ့သူတွေ ရှိတယ်။”

တောင်ဒဂုံ၊ ရန်ကင်း၊ လှိုင်သာယာ၊ ရွှေပေါက်ကံနဲ့ အုတ်တွင်းမြို့နယ်က Anonymous Force အဖွဲ့ခေါင်းဆောင်ဆိုပြီး ရဲရင့်အောင်နဲ့ အဖွဲ့ဝင်ဆိုပြီး ခင်မောင်ဌေး၊ ထက်ကြီး၊ အာကာဖြိုး၊ လျန်းထက်အောင်၊ အောင်မင်းခန့်၊ မယုနန္ဒာစိုးတို့ကို စစ်တပ်က ပစ္စတို ၂ လက်၊ ကျည်တွေနဲ့အတူ ဖမ်းဆီးခဲ့တာပါ။

နောက်ဆက်တွဲအဖြစ် အုပ်ချုပ်ရေးမှူးဟောင်းတွေဖြစ်တဲ့ ဦးမြင့်ကျော်၊ ဦးနေလင်း၊ ဦးတင်လှ၊ ဦးတင်ဝင်းနဲ့ ယာဉ်မောင်း ကျော်စွာအောင်တို့ကိုပါ ထပ်မံဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

Anonymous Force အဖွဲ့ဟာ ၂၀၂၄ ခုနှစ်၊ မေ ၁၃ ရက်မှာ လှိုင်ယာယာ ၆ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သူကို ပစ်ခတ်လုပ်ကြံခဲ့တယ်လို့ စစ်ကောင်စီက ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013