DVB Logo
Home
နိုင်ငံတကာ
အာဂျင်တီးနားသမ္မတကို ဖမ်းဝရမ်းထုတ်ရန် အင်တာပိုကို တောင်းဆို
DVB
·
September 25, 2024
အာဂျင်တီးနားသမ္မတကို ဖမ်းဝရမ်းထုတ်ရန် အင်တာပိုကို တောင်းဆို
Donate to DVB

ဗင်နီဇွဲလားရှေ့နေချုပ် တာရတ်ဝီလျံဆာ့ဘ်က အာဂျင်တီးနားသမ္မတ ဟာဗီယာမိုင်လေကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုကို တောင်းဆိုထားတယ်လို့ စက်တင်ဘာ ၂၄ ရက်က ပြောပါတယ်။

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကိုးကားပြီး အာဂျင်တီးနားနိုင်ငံက တရားရုံးရှေ့နေတစုရဲ့ တောင်းဆိုချက်အရ အာဂျင်တီးနား ပြည်ထောင်စု တရားစီရင်ရေးအဖွဲ့က ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုကို ဖမ်းဆီးဖို့  စက်တင်ဘာ ၂၃ ရက် နှောင်းပိုင်းမှာ တောင်းဆိုခဲ့တာပါ။

ဒါကြောင့် ဗင်နီဇွဲလားက အာဂျင်တီးနားကို တုံ့ပြန်တဲ့အနေနဲ့ ဖမ်းဝရမ်းထုတ်ဖို့ အင်တာပိုကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီဖမ်းဝရမ်းကို အတည်ပြုပြီး အင်တာပိုကို ပို့လိုက်ပါပြီလို့ ဗင်နီဇွဲလား ရှေ့နေချုပ် တာရတ် ဝီလျံဆာ့ဘ်က ပြောပါတယ်။

အာဂျင်တီးနားသမ္မတ မိုင်လေနဲ့ သူ့ရဲ့ အဓိကပူးပေါင်းဆောင်ရွက်သူ ၂ ယောက်ကို လူသားထုအပေါ် အန္တရာယ်ပြုမှုနဲ့ တင်ထားတဲ့ စွဲချက်ကို မနေ့က လက်ခံရရှိခဲ့ပါတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါဟာ ၂ နိုင်ငံကြား သံတမန်ရေး ကတောက်တဆ ဖြစ်စဉ်အတွင်း ရုတ်တရက် အရှိန်ပြင်းပြင်း အပြန်အလှန် ထိုးနှက်ချက် နောက်ဆုံးဖြစ်ရပ်လည်း ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဇွန်လမှာ အာဂျင်တီးနားမြို့တော် ဗျူနိုအေးရိစ်မှာ ဗင်နီဇွဲလား လေယာဉ်တစင်းကို သိမ်းဆည်းအပြီး ၂ နိုင်ငံကြား သံတမန်ရေး ကတောက်ကဆတွေ စတင်ပေါ်ပေါက်ခဲ့တာပါ။

ဗင်နီဇွဲလားအစိုးရက အာဂျင်တီးနားသမ္မတကို ဓားပြတိုက်မှု အပါအဝင် ရာဇဝတ်မှု ၇ မှုနဲ့ စွပ်စွဲခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013