DVB Logo
Home
နိုင်ငံတကာ
စကားစစ်ထိုးပွဲထပ်လုပ်ရန် ဟားရစ်၏ တောင်းဆိုမှု ထရမ့်ပ် ငြင်းဆန်
DVB
·
September 22, 2024
စကားစစ်ထိုးပွဲထပ်လုပ်ရန် ဟားရစ်၏ တောင်းဆိုမှု ထရမ့်ပ် ငြင်းဆန်
Donate to DVB

ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်ဟာ ရွေးကောက်ပွဲမတိုင်မီ ဒီမိုကရက် သမ္မတလောင်း ကမ်မာလာဟားရစ်နဲ့ ဒုတိယအကြိမ် စကားစစ်ထိုးဖို့ အစီအစဉ်ကို ပယ်ချလိုက်ပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့ကျရင်  စီအင်န်အင်န်ရုပ်သံမှာ ထရမ့်ပ်နဲ့ စကားစစ်ထိုးဖို့ သဘောတူတယ်လို့ ဟားရစ် မဲဆွယ်အဖွဲ့က ပြောကြားခဲ့အပြီးမှာ ထရမ့်ပ်က ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။ 

နောက်တပွဲထပ်လုပ်ဖို့ အရမ်းနောက်ကျနေပြီဖြစ်ကြောင်း၊ အဲဒီအချိန်ဆို မဲတွေစပေးနေပြီဖြစ်ကြောင်း ကြိုတင်မဲပေးမှုစနေပြီဖြစ်တဲ့အချက်ကို ထရမ့်ပ်က ထောက်ပြပြီး အကြောင်းပြသွားပါတယ်။ 

ထရမ့်ပ်ဟာ မြောက်ကာရိုလိုင်းနားပြည်နယ်၊ ဝီလ်မင်တန်မှာ မဲဆွယ်ပွဲပြုလုပ်နေတဲ့အချိန် အခုလို ပြောသွားတာဖြစ်ပါတယ်။ 

ထရမ့်ပ်ဟာ မဲဆွယ်ပွဲလုပ်မယ့် နေရာကို လေယာဉ်ပျံနဲ့ စတိုင်ကျကျဆင်းလာပြီး ကျည်ကာမှန်ပုံး နောက်ကွယ်ကနေ မိန့်ခွန်းပြောခဲ့ပါတယ်။ 

ထရမ့်ပ်ဟာ ဟားရစ်နဲ့ အော်ပရာဝင်းဖရေး ဆွေးနွေးခန်းကိုလည်း ဝေဖန်သွားခဲ့ပြီး  မကြာသေးမီးက အစိုးရအဖွဲ့အစည်းအဝေးကို သမ္မတကတော် ဂျီးလ်ဘိုင်ဒင်  တက်တဲ့ကိစ္စကိုလည်း လှောင်ပြောင်ခဲ့ပါတယ်။ 

“ဒီလူက အခုထိ သမ္မတဖြစ်နေတုန်းပဲလား၊ မနေ့ကတောင် သူ့မိန်းမက အစိုးရအဖွဲ့ အစည်းအဝေးကို ဦးစီးနေတယ်” လို့ လှောင်ပြောင်ခဲ့တာပါ။

အမျိုးသမီးကျန်းမာရေးသုတေသနနဲ့ပတ်သက်တဲ့ အစည်းအဝေးဖြစ်တဲ့အတွက် သမ္မတကတော်ဟာ အစိုးရအဖွဲ့ အစည်းအဝေး စားပွဲထိပ်မှာ ထိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဘိုင်ဒင်ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက အစိုးရအဖွဲ့အစည်းအဝေး ဦးစီးကျင်းပတာ မရှိခဲ့ဘူးလို့လည်း ထောက်ပြခဲ့ပြီး မဲဆန္ဒရှင်တွေ အကုန်မဲထွက်ပေးကြဖို့၊ မဲမသမာမှုလုပ်လို့မရအောင် သောင်ပြိုကမ်းပြိုနိုင်အောင် လုပ်ကြဖို့လည်းထရမ့်ပ်က နှိုးဆော်ခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013