DVB Logo
Home
မြန်မာသတင်း
Peacock ရုပ်ရှင်ပွဲတော်အတွက် News Feature ရုပ်သံများ ဖိတ်ခေါ်
DVB
·
September 19, 2024
Peacock ရုပ်ရှင်ပွဲတော်အတွက် News Feature ရုပ်သံများ ဖိတ်ခေါ်
Donate to DVB

ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) က စီစဉ်ကျင်းပမည့် Peacock Film Festival 2024 တွင် News Feature (ရုပ်သံဆောင်းပါး) ကဏ္ဍအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

လျှောက်လွှာများကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ နောက်ဆုံးထား ပေးပို့ရပါမည်။ အသေးစိတ် အချက်အလက်နှင့် လျှောက်လွှာများကို အောက်ပါလင့်ခ် https://forms.gle/XEdaBe2CQGkuqiv6A တွင် ဖတ်ရှု ဖြည့်သွင်း ပေးပို့ပေးနိုင်ပါသည်။

ပြိုင်ပွဲဝင်စည်းကမ်းချက်များ 

* ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာအရေးနှင့် ပတ်သက်သော ရုပ်သံဆောင်းပါး ဖြစ်ရမည်။

* ရုပ်သံသည် ၁၅ မိနစ်ထက် မပိုစေရပါ။

* အရည်အသွေး - Full HD ဖြစ်ရမည်။

* စာတန်းထိုး - အင်္ဂလိပ်ဘာသာဖြင့် စာတန်းထိုး (SRT file) ပါရှိရမည်။

* မြန်မာစကားပြော မဟုတ်ပါက မြန်မာစာတန်းထိုး ဘာသာပြန် ပါဝင်ရမည်။

* ပိုစတာနှင့် ဇာတ်လမ်းအကျဉ်းချုပ် ပါရှိရမည်။

* Trailer သို့မဟုတ် Teaser ရှိပါက ထည့်သွင်းပေးပို့နိုင်သည်။

* မူပိုင်ခွင့် - ပေးပို့သူကိုယ်တိုင် မူပိုင်ခွင့် သို့မဟုတ် ပြသခွင့်ရှိသူ ဖြစ်ရမည်။

ပါဝင်ယှဉ်ပြိုင်နိုင်သူများ

* လွတ်လပ်သော မီဒီယာအဖွဲ့အစည်းများ

* အလွတ်တန်းသတင်းထောက်များ

* သတင်းအေဂျင်စီများ

* ရုပ်သံသတင်းထောက်များ (မိမိဌာနအဖွဲ့အစည်း၏ ခွင့်ပြုချက်ဖြင့်)

ဆုချီးမြှင့်ခြင်း 

အကောင်းဆုံးဆုအတွက် အမေရိကန်ဒေါ်လာ ၁,၀၀၀ ချီးမြှင့်မည်ဖြစ်သည်။ လွတ်လပ်သောဒိုင်အဖွဲ့က အကဲဖြတ် ဆုံးဖြတ်မည်ဖြစ်သည်။ ဆုရရှိသည့် ရုပ်သံဆောင်းပါးကို DVB ရုပ်သံနှင့် ဆိုရှယ်မီဒီယာများတွင် ထုတ်လွှင့်ပြသသွားမည်။

ရွေးချယ်ခံရသော ဝင်ရောက်ယှဉ်ပြိုင်သည့် ရုပ်သံဆောင်းပါးများကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် Peacock Film Festival ၌ ပြသသွားမည်ဖြစ်သည်။

ဤပြိုင်ပွဲသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ကမ္ဘာသိရှိစေရန်နှင့် သတင်းသမားများ၏ စွမ်းရည်ကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။ ပြိုင်ပွဲဝင်ရောက်ရန် စိတ်ဝင်စားသူများအား ဤအခွင့်အရေးကောင်းကို အသုံးချ၍ ပါဝင်ဆင်နွှဲကြပါရန် လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013