DVB Logo
Home
နိုင်ငံတကာ
နိုင်ဂျီးရီးယား ရေဘေးသင့်ပြည်သူများ ဆေးဝါးအကူအညီ လိုအပ်နေ
DVB
·
September 18, 2024
နိုင်ဂျီးရီးယား ရေဘေးသင့်ပြည်သူများ ဆေးဝါးအကူအညီ လိုအပ်နေ
Donate to DVB

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်မှာ နေသူတွေဟာ ဆယ်စုနှစ် ၃ စုအတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုတွေ ဖြစ်အပြီးမှာ ဆေးဝါးကုသခံဖို့ ရုန်းကန်နေကြရပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတရပ် ဖြစ်နိုင်ချေကို အကူအညီပေးရေး အေဂျင်စီတွေက သတိပေးထားပါတယ်။

ရေကြီးလို့ လူပေါင်း ၃၀ ကျော် သေဆုံးခဲ့ပြီး လူတသန်းလောက် ရေဘေးသင့်ခဲ့တယ်၊ သူတို့အများစုဟာ အစားအစာနဲ့ သန့်ရှင်းတဲ့ရေမရှိတဲ့ စခန်းတွေမှာ နေကြရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဘိုကိုဟာရမ် စစ်သွေးကြွတွေရဲ့ မွေးဖွားရာနေရာဖြစ်တဲ့ ဘော်နိုပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ရေကြီး ရေလျှံခဲ့တာပါ။

ကင်မရွန်း၊ ချဒ်၊ မာလီနဲ့ နိုင်ဂျာ နိုင်ငံတို့မှာလည်း မိုးသည်းပြီးတဲ့နောက် ရေကာတာတွေ ကျိုးပေါက်ခဲ့လို့ ဆာဟဲဒေသရဲ့ အစိတ်အပိုင်းအားလုံးမှာ ရေလွှမ်းမိုးခဲ့ပါတယ်။

ဥရောပတိုက်မှာ ရက်အတော်ကြာ မိုးသည်းပြီးတဲ့နောက် ဒေသတွင်း နေရာအတော်များများမှာ မြစ်ကမ်းပါးတွေကျိုးပေါက် ရေကြီးခဲ့တဲ့နောက်မှာ  အနောက်အာဖရိကဒေသမှာလည်း ရေကြီးခဲ့တာပါ။

ရေမကြီးခင်တည်းက ဘော်နိုပြည်နယ်မှာ နေထိုင်သူ ထောင်ချီ သေဆုံးခဲ့ရပြီး လူပေါင်း ၂ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ အစ္စလမ္မစ်သောင်းကျန်းမှုတွေကို နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပြီး အာဟာရချို့တဲ့မှုနဲ့ ရုန်းကန်နေကြရတယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ရဲ့ ကွင်းဆင်းညှိနှိုင်းရေးမှူး မယ်သိယပ်စ် ဂိုအဲမယ်က ပြောပါတယ်။

ရေနံထုတ်လုပ်တဲ့ နိုင်ဂျာမြစ်ဝကျွန်းပေါ်ဒေသမှာ ရေလွှမ်းနိုင်ပြီး ဘနူးနဲ့ နိုင်ဂျာမြစ်တွေမှာ ရေတက်လာနိုင်တယ်လို့ နိုင်ဂျီးရီးယားအစိုးရက သတိပေးထားပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဟာ ဘော်နိုပြည်နယ်ထဲက ရေဘေး အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရသူ ၅၀,၀၀၀ အတွက် ပူပူနွေးနွေး အစားအစာတွေ ထောက်ပံ့ပေးဖို့ စီစဉ်နေပါပြီ။

မိုင်ဒူဂူရီမှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေနဲ့ နိုင်ငံအရှေ့မြောက်ဘက်က စားနပ်ရိက္ခာ မဖူလုံတဲ့ တခြားလူတွေကို လာမယ့် ၆ လအတွက် ထောက်ပံ့ဖို့ ဒေါ်လာ ၁၄၈ သန်း လိုအပ်မယ်လို့လည်း WFP က ပြောခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013