DVB Logo
Home
မြန်မာသတင်း
ထန်တလန်မြို့ပေါ် ရှိ  စစ်ကောင်စီတပ်စခန်း ၁ ခုကို ချင်းပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်
DVB
·
September 18, 2024
ထန်တလန်မြို့ပေါ် ရှိ  စစ်ကောင်စီတပ်စခန်း ၁ ခုကို ချင်းပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်
Donate to DVB

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေ ယာယီတပ်စွဲထားတဲ့ တပ်စခန်း တခုကို စက်တင်ဘာ ၁၇ ရက် ညနေပိုင်းမှာ ချင်းလက်နက်ကိုင် ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်လိုက်ပါတယ်။

ချင်းပူးပေါင်းတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “မြို့ပေါ်က စစ်သားတွေတပ်စွဲနေတဲ့ နေရာ ၄ ခုထဲက တခုဖြစ်တဲ့ လိုင်ဗီလာ (Lai Villa) တည်းခိုခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။ သူတို့ဘက်က အသေအပျောက်တွေရှိသလို ထွက်ပြေးသူတွေလည်းရှိပါတယ်” လို့ ပြောပါတယ်။

ချင်းပူးပေါင်းတပ်ဖွဲ့တွေဟာ ဇူလိုင်  ၂၂ ရက်ကစတင်ခဲ့တဲ့ Tilim Operation 4 စစ်ဆင်ရေးအဖြစ် ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီတပ်စခန်းတွေအပြင် ထန်တလန်မြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်စဥ်က ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီ တပ်သားတွေဟာ ထန်တလန်မြို့ပေါ်မှာ ယာယီတပ်စွဲနေကြတာဖြစ်ပါတယ်။

ချင်းပူးပေါင်းတပ်ဖွဲ့ရဲ့ ​ပြန်ကြားရေးတာ၀န်ခံက “အရင်လတွေကတည်းက သူတို့တပ်စခန်းတွေ အသိမ်းခံရတော့ ထွက်ပြေးသွားကြတဲ့ကောင်တွေက အခုသိမ်းပိုက်နိုင်ခဲ့တဲ့ လိုင်ဗီလာတည်းခိုခန်း အပြင် NLD ပါတီရုံး၊ ရဲစခန်းနဲ့ CB ဘဏ်တွေမှာ တပ်စွဲနေကြတာကို စစ်ကောင်စီက လေကြောင်း ကနေ အင်အားနဲ့ ရိက္ခာတွေပို့ပေးခဲ့သေးတယ်”လို့ ပြောပါတယ်။

ထန်တလန်မြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေ ယာယီတပ်စွဲနေတဲ့ NLD ပါတီရုံး၊ ရဲစခန်းနဲ့ CB ဘဏ်တွေကို တိုက်ခိုက်သိမ်းပိုက်ပြီးရင် ထန်တလန်မြို့ဟာ စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်သွားပြီလို့ လည်းဆက်လက်ပြောပြပါတယ်။

အခုသိမ်းပိုက်ရရှိတဲ့ လိုင်ဗီလာတည်းခိုခန်းအပါအ၀င် စစ်ကောင်စီတပ်စခန်း ၉ ခုထက်မနည်းကို ချင်းပြည်ကောင်စီတပ်ပေါင်းစုတွေက တိုက်ခိုက်သိမ်းပိုက်ရရှိထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လိုင်ဗီလာတည်းခိုခန်းမှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေ ထဲက ၃ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ချင်းပြည်နယ်အစိုးရတပ်ဖွဲ့ဆီကို အလင်း၀င် ရောက်လာခဲ့ကြပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013