DVB Logo
Home
နိုင်ငံတကာ
ရုရှားအစိုးရမီဒီယာများကို Facebook က ပိတ်ပင်
DVB
·
September 17, 2024
ရုရှားအစိုးရမီဒီယာများကို Facebook က ပိတ်ပင်
Donate to DVB

Facebook ပိုင်ရှင် Meta ကုမ္ပဏီက ရုရှားအစိုးရပိုင် ဆိုရှယ်မီဒီယာတွေကို ပိတ်ပင်ထားကြောင်း ကြေညာခဲ့ပါတယ်။

ရုရှားအစိုးရပိုင် မီဒီယာတွေဖြစ်တဲ့ RT နဲ့ ရောဆီရာဆီဂေါ့ညှာ အပါအဝင် ဆက်စပ်မီဒီယာတွေကို လာမယ့်ရက်ပိုင်းအတွင်း ပိတ်ပင်မှာဖြစ်တယ်လို့ Meta က ဆိုပါတယ်။

ရုရှားအစိုးရမီဒီယာတွေဟာ လှည့်ဖျားမှုတွေ ပြုလုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သေချာစဉ်းစားမှုတွေ ပြလုပ်ပြီးတဲ့ နောက်ပိုင်းမှာ Facebook ပလက်ဖောင်းကနေ ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ Meta က ရှင်းပြပါတယ်။

ရုရှားအစိုးရမီဒီယာတွေကတော့ Facebook ရဲ့ ပိတ်ပင်ခြင်းကို လက်ရှိအချိန်အထိတော့ မှတ်ချက်တစုံတရာပေးခြင်း မရှိသေးပါဘူး။

ရုရှားအစိုးရမီဒီယာတွေဟာ အနောက်နိုင်ငံတွေအပေါ် နိုင်ငံရေးတွေ လွှမ်းမိုးမှုတွေ ပိုမိုပြုလုပ်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ Meta ကပိုင်တဲ့ Facebook၊ Instagram၊  WhatsApp နဲ့ Threads တို့မှာလည်း ပိတ်ပင်မှုတွေ ပြုလုပ်မှာပါ။

ဒါဟာ ရုရှားအစိုးရမီဒီယာတွေကို ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ကနေ ပိတ်ပင်မှု တစတစ ပိုပြီး ကျယ်ပြန့်လာတာပဲ ဖြစ်ပါတယ်။

ရုရှားကနေ ယူကရိန်းကို ကျူးကျော်စစ် စတင်ချိန်ကစပြီး ဥရောပသမဂ္ဂ၊ ဗြိတိန်နဲ့ ယူကရိန်းနိုင်ငံတို့က ရုရှားအစိုးရမီဒီယာတွေကို ပိတ်ပင်ပေးဖို့ တောင်းဆိုမှုတွေ ရှိခဲ့ဖူးပါတယ်။

ဒီလဆန်းကလည်း RT ရုပ်သံဟာ တက်နက်ဆီပြည်နယ် ကုမ္ပဏီတခုကို အမေရိကန် ဆိုရှယ်မီဒီယာ သုံးသူတွေကို မမှန်သတင်းတွေ ဖန်တီးမှုနဲ့ ရုရှားအစိုးရအဖွဲ့ရဲ့ သတင်းတွေကို ဖုံးထားဖို့ ဒေါ်လာ ၁၀ သန်း ပေးခဲ့တယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့အပတ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က RT ရုပ်သံကို ပိတ်ဆို့အရေးယူမှု အသစ်တခု ပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

RT ရုပ်သံဟာ အမေရိကန်မှာ ဒီမိုကရေစီလျော့ပါးလာအောင် ပြုလုပ်ခဲ့တယ်လို့ ဆိုခဲ့သလို ရုရှားအစိုးရနဲ့ ထဲထဲဝင်ဝင် ပူးပေါင်းမှုတွေရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံဟာ တရုတ်ဆိုရှယ်မီဒီယာ TikTok ကိုလည်း နိုင်ငံအတွင်း အသုံးပြုခွင့် ပိတ်ပင်ဖို့ ရှိနေပါတယ်။

တရုတ်ကုမ္ပဏီ ByteDace ပိုင်ဆိုင်တဲ့ TikTok ကို အမေရိကန်နိုင်ငံမှာ ပိတ်ပင်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ရှေ့နေတယောက်က အယူခံဝင်ရမှာပါ။ အယူခံမှာ ခက်ခဲတဲ့မေးခွန်းတွေ ရင်ဆိုင်ရဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့မေလက  ကိုလံဘီယာခရိုင် တရားရုံးမှာ TikTok သုံးစွဲရေးနဲ့ပတ်သက်ပြီး တရားသူကြီး ၃ ယောက်က ၂ နာရီကျော် ကြားနာမှု ပြုလုပ်ခဲ့ဖူးပါတယ်။

TikTok ဟာ လူတိုင်းရဲ့ ဒေတာအချက်အလက်တွေကို ခိုးယူမှုတွေရှိပြီး အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုတွေ ရှိတယ်လို့ ရှေ့နေ နာနီရယ်တန်နီက ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံက အမေရိကန်တွေရဲ့ အချက်အလက်ကို လိုချင်ရင် TikTok ဆီကနေ တောင်းယူရုံပဲလို့ တန်နီက ဆိုပါတယ်။

TikTok ဟာ အမေရိကန်တွေရဲ့ ဒေတာအချက်အလက်တွေကို ခိုးယူနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်တွေကြောင့် ပြီးခဲ့တဲ့ ဧပြီလမှာ သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ထိုးပြီး ဥပဒေတခု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

TikTok အသုံးပြုခွင့် ပိတ်ပင်ရေးနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလမှာ ဆုံးဖြတ်ချက် ချမှတ်သွားဖွယ် ရှိနေပါတယ်။

အမေရိကန်နိုင်ငံမှာ ၂၀၂၀ ခုနှစ်ကလည်း ထရမ့်ပ်က TikTok ကို ပိတ်ပင်ဖို့ ကြိုးစားခဲ့ဖူးပြီး မအောင်မြင်ခဲ့တာ တွေ့ရပါတယ်။

နောက်ပိုင်းမှာ ထရမ့်ပ်ကိုယ်တိုင် TikTok အသုံးပြုပြီး လှုပ်ရှားမှုတွေ ပြလုပ်ခဲ့တာကြောင့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ အနိုင်ရပါက TikTok ကို ပိတ်ပင်မှာမဟုတ်ကြောင်း ပြောဆိုထားပါတယ်။

အမေရိကန်နိုင်ငံမှာ TikTok အသုံးပြုသူ သန်း ၁၇၀ ကျော် ရှိပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013