DVB Logo
Home
အားကစား
မန်စီးတီးအသင်းကို စွဲချက် ၁၁၅ ခုဖြင့် စတင်ကြားနာ
DVB
·
September 17, 2024
မန်စီးတီးအသင်းကို စွဲချက် ၁၁၅ ခုဖြင့် စတင်ကြားနာ
Donate to DVB

ပရီးမီးယားလိဂ် ဘဏ္ဍာရေးစည်းမျဉ်းများ ချိုးဖောက်မှုနဲ့ မန်ချက်စတာစီးတီးအသင်းအပေါ် စွဲချက် ၁၁၅ ခု တင်ထားမှုကို စက်တင်ဘာ ၁၆ ရက်က စပြီး ကြားနာခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းကို စွပ်စွဲမှုများအနက် ၂၀၀၉ ကနေ ၂၀၁၈ ခုနှစ်အထိ ဘဏ္ဍာရေးစည်းကမ်းချိုးဖောက်မှု အမှု ၈၀ နဲ့ ပရီးမီးယားလိဂ် စုံစမ်းရေးအဖွဲ့နဲ့ ပူးပေါင်းမှုမရှိခြင်းက ၃၅ မှုရှိတာ ဖြစ်ပါတယ်။

စွဲချက် ၈၀ အနက် ၅၄ ခုက ၂၀၀၉ ကနေ ၂၀၁၈ ခုနှစ်အထိ တိကျတဲ့ ဘဏ္ဍာရေး အချက်အလက်တွေ ပေးပို့ဖို့ ပျက်ကွက်တာဖြစ်ပြီး ၁၄ ခုက ကစားသမားနဲ့ နည်းပြတွေရဲ့ လစာတွေ တိတိကျကျ မဖော်ပြလို့ပဲ ဖြစ်ပါတယ်။

၂၀၁၃ ကနေ ၂၀၁၈ အထိကတော့ ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာငွေ မျှတစွာသုံးစွဲရေး စည်းမျည်းကို ၅ ကြိမ် လိုက်နာဖို့ပျက်ကွက်ခဲ့တာ ဖြစ်ပါတယ်။ ၇ ကြိမ်ကတော့ ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာလို့ ဆိုပါတယ်။

ဒီစွပ်စွဲချက်တွေဟာ ၂၀၁၈ ခုနှစ်က ဂျာမနီသတင်းစာတစောင်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာစီးတီးအသင်းရဲ့ စာရွက်စာတမ်းတချို့ ထွက်ပေါ်ခဲ့ရာက အစပြုခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းကို ၄ နှစ်ကြာ စုံစမ်းမှုပြုလုပ်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ လွတ်လပ်တဲ့ကော်မရှင်က စတင်တရားစွဲခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ဘဏ္ဍာရေးဆိုင်ရာ ချိုးဖောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စွဲချက်တင်ခံထားရတာပါ။

ဒီစွပ်စွဲချက်တွေကို မန်ချက်စတာစီးတီးအသင်းက ငြင်းဆိုထားပေမဲ့ မငြင်းနိုင်တဲ့ အထောက်အထားတွေ ရှိတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အဲဒီအထဲမှာ စပွန်ဆာစာချုပ်တွေအရ ရတဲ့ဝင်ငွေနဲ့ အသင်းအသုံးစရိတ်တို့လည်း ပါဝင်ပါတယ်။

ဒါ့ကြောင့် မန်ချက်စတာစီးတီးအသင်းဟာ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုတဲ့ စွဲချက်လည်း တင်ခံထားရပါတယ်။

မန်ချက်စတာစီးတီးအသင်းကို သီးခြားကြားနာမှု ပြုလုပ်နေပြီး ကြာချိန် ၁၀ ပတ်ခန့် ရှိမှာဖြစ်ကာ လန်ဒန်မှာရှိတဲ့ နိုင်ငံတကာ အငြင်းပွားမှုဖြေရှင်းရေး စင်တာမှာ စစ်ဆေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ အဘူဒါဘီယူနိုက်တက်အုပ်စု ဝယ်ယူခဲ့တဲ့  ၂၀၀၈ ခုနှစ်ကပြီး ပြည်တွင်းလိဂ်ဖလား ၈ လုံး ရရှိထားပြီး ချန်ပီယံလိဂ်နဲ့ အခြားဆုဖလားတွေပါ ရရှိထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013