DVB Logo
Home
မြန်မာသတင်း
စမွတ်စခွန်းတွင် ထိုင်းနှင့် မြန်မာမွေးကင်းစကလေး မှားယွင်းမှုဖြစ်၊ ဆေးရုံက လျော်ကြေးပေး 
DVB
·
September 17, 2024
စမွတ်စခွန်းတွင် ထိုင်းနှင့် မြန်မာမွေးကင်းစကလေး မှားယွင်းမှုဖြစ်၊ ဆေးရုံက လျော်ကြေးပေး 
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်စခွန်းခရိုင် ကထုန့်ဘဲန်ပြည်သူ့ဆေးရုံကြီးမှာ ထိုင်းမိဘက မွေးဖွားတဲ့ ကလေးနဲ့ မြန်မာမိဘက မွေးဖွားတဲ့ မွေးကင်းစ မိန်းကလေး ၂ ယောက် မှားယွင်းပေးအပ်မှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ကလေး ၂ ယောက်လုံးဟာ ပိုးဝင်တာကြောင့် ပဋိဇီဝဆေးပေးသွင်းပြီး ဓာတ်ဆားရည်လည်း ဖြည့်စွက်ပေးဖို့ လိုအပ်လို့  မိခင်နဲ့ခေတ္တခွဲပြီး ပြုစုပေးရတယ်၊ သူနာပြုဆရာမတွေက  ကလေးငယ် နှစ်ယောက်လုံးကို ရေချိုးပေးတဲ့အခါမှာ နောင့်နိချား (ထိုင်း) နဲ့ နောင့်နာရား (မြန်မာ) ကလေးအမည်ပါ လက်ပတ်ကိုဖြုတ်ထားပြီး အနှီးပြန်ထုပ်ပေးချိန်မှာ မှားယွင်းမှု ဖြစ်ပွားခဲ့တာလို့ စမွတ်စခွန်းခရိုင် ပြည်သူ့ကျန်းမာရေးဌာန ညွှန်မှူး ဒေါက်တာ စူရဝစ် ဆဒ်ဒါနုဖတ်က စက်တင်ဘာ ၁၆ ရက် သတင်းစာရှင်းပွဲမှာ ဝန်ခံပြောကြားခဲ့ပါတယ်။ 

ဆေးရုံရဲ့ မှားယွင်းမှုကို တာဝန်ယူ၊ တာဝန်ခံတဲ့အနေနဲ့ သမီးငယ်နှစ်ယောက်လုံး အသက် ၂၀ နှစ်ပြည့်တဲ့အထိ အခမဲ့ ဆေးကုသခွင့်ပေးမယ်၊ ဒါ့အပြင် နှစ်ဘက် မိဘနှစ်ပါးလုံးအတွက် လျော်ကြေးငွေ ဘတ် တသိန်းစီပေးမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ 

ထိုင်းက‌လေးရဲ့ ဖခင်က “ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်မှာ သမီးလေး အသက်ရှူ ပုံမှန်ထက်မြန်နေလို့ ဆရာဝန်တွေက မိခင်နဲ့ ယာယီခွဲထားပြီး ကုသခန်းမှာ သွားထားတယ်၊  ညနေ ၆ နာရီခွဲကနေ ၈ နာရီထိ ကြည့်ခွင့်ရတယ်၊ ဆေးရုံက ကလေးငယ်ကို ဓာတ်ပုံရိုက်ခွင့် မပြုပေမဲ့ ၁၂ ရက်နေ့က သမီးကိုချစ်တဲ့စိတ်နဲ့ ခိုးရိုက်ထားခဲ့တယ်၊ ၁၇ ရက်နေ့မှာ သူနာပြုဆရာမက ကလေးတွေကို မိခင်ထံ ပြန်အပ်ခဲ့တယ်။ ကလေးက ဆံပင်လည်းပါးသွားပြီး မျက်ခုံးမွေးလည်း သိပ်မထူတော့ သူနာပြုကို မေးရာမှာ သူနာပြုဆရာမက မွေးစကလေးတွေဟာ ရက်ပိုင်းမှာ ပြောင်းလဲမှု ဖြစ်လေ့ဖြစ်ထရှိပါတယ်၊ သူတို့ကလေး သေချာပါတယ်လို့ ပြောခဲ့တယ်"လို့ ဆိုပါတယ်။ 

ကလေးကို အိမ်ခေါ်သွားပြီး မျက်နှာကိုတစိမ့်စိမ့်ကြည့်ပေမဲ့ မိခင်ရဲ့စိတ်က အလိုလို သံသယဝင်နေတယ်၊ ဖခင်ဖြစ်သူက ခိုးရိုက်ထားတဲ့ ဓာတ်ပုံနဲ့ပြန်တိုက်ကြည့်ရာမှာ မတူတာတွေ တွေ့ရလို့ ဩဂုတ် ၁၉ ရက်နေ့မှာ ဆေးရုံကို ပြန်သွားခဲ့တယ်၊ ဒါဟာ ကျနော်တို့ ကလေး မဟုတ်ဘူး၊ ကျနော်တို့ကလေးကို ရအောင်ပြန်ရှာပေးပါလို့ တောင်းဆိုခဲ့တယ်၊ DNA (မျိုးဗီဇ)လည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ 

စက်တင်ဘာ ၁၅ ရက်နေ့မှာ DNA (မျိုးဗီဇ) အဖြေထွက်လာပြီး အဲဒီကလေးဟာ သူတို့ကလေး မဟုတ်ဘူး။ ထိုင်းမိဘရဲ့သွေးက A  နဲ့  AB  အမျိုးအစားဖြစ်ပြီး က‌လေးက B သွေးဖြစ်နေတယ်၊  ဆေးရုံကလည်း ထိုင်းကလေးနဲ့ တနေ့တည်းမွေးပြီး အတူတူပြုစုကုသပေးတဲ့ ကလေးကို ပြန်ရှာဖွေစစ်ဆေးရာမှာ မြန်မာမိဘနှစ်ပါးရဲ့ကလေး ဖြစ်နေပါတယ်၊ သွေးစစ်တော့ မြန်မာ မိဘနှစ်ပါးလုံး B သွေးဖြစ်ပြီး ကလေးက AB သွေးဖြစ်နေတယ်လို့ ဆိုပါတယ်။ 

မြန်မာ မိဘဘက်ကလည်း သူတို့ကလေးကို အိမ်ခေါ်ပြန်တော့ သံသယဖြစ်မိကြောင်း၊ ဒါပေမဲ့ ဆေးရုံတာဝန်ရှိသူတွေကို  ပြန်မငြင်းရဲဘူးလို့ ပြောပါတယ်။ 

စက်တင်ဘာ ၁၆ ရက်မှာ စမွတ်စခွန်းပြည်သူ့ကျန်းမာရေးဌာနရဲ့ တာဝန်ယူ ဖြေရှင်းပေးမှုကို နှစ်ဘက်လုံးက ကျေနပ်ကြပြီး သမီးငယ် နှစ်ယောက်လုံးလည်း မိဘအရင်းတွေရဲ့ ရင်ခွင်ထဲ ပြန်ရောက်သွားပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013