DVB Logo
Home
မြန်မာသတင်း
ပုသိမ်မှ ရခိုင်ဘက်အပို့ခံထားရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် ပျောက်ဆုံးနေ
DVB
·
September 17, 2024
ပုသိမ်မှ ရခိုင်ဘက်အပို့ခံထားရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် ပျောက်ဆုံးနေ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် ခလရ ၂၇၁ တပ်ရင်းက စစ်ကောင်စီတပ်ရဲ့ အရာရှိ စစ်သည်တွေ အပါအဝင် အယောက် ၄၀ ကျော် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီ ခလရ ၂၇၁ နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပုသိမ်ခြေစိုက် ခလရ ၂၇၁ တပ်ရင်းက စစ်ကောင်စီတပ်သား ၆၅ ယောက်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့အမိန့်နဲ့ ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်က ရခိုင်ပြည်နယ်ကို စစ်ဆင်ရေးတာဝန်နဲ့ ပို့ခဲ့တာလို့ သိရပါတယ်။

ခလရ ၂၇၁ တပ်နဲ့ နီးစပ်သူတယောက်က “အထက်အမိန့်နဲ့ ရှေ့တန်းအပို့ခံရတာပေါ့။ ရခိုင်ပြည်နယ်ဘက်လို့ သိရတယ်။ အခု တချို့ပဲ အဆက်အသွယ်ရပြီး အယောက် ၄၀ ကျော်လောက် အဆက်အသွယ်မရ ဖြစ်နေတာ” လို့ ပြောပါတယ်။

ပုသိမ် ခလရ ၂၇၁ တပ်ကနေ ရခိုင်ပြည်နယ် ရှေ့တန်း အပို့ခံရတဲ့ စစ်ကောင်စီတပ်သား ၆၅ ယောက်ထဲမှာ အိမ်ထောင်သည်စစ်သားတွေ အများဆုံးပါဝင်ပြီး စစ်သည်မိသားစုတွေလည်း စိတ်သောကရောက်နေတယ်လို့ ဆိုပါတယ်။

တပ်မိသားစုဝင်တွေနဲ့ နီးစပ်သူတယောက်က “ရခိုင်ပြည်နယ် ရှေ့တန်းထွက်သွားတာပါ။ ရခိုင်ဘက်မှာက နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်နေတာလေ။ အပို့ခံရပြီး ၄ ရက် ၅ ရက်လောက်အထိ အဆက်အသွယ်ရသေးတာ။ နောက်ပိုင်း ဒီနေ့အထိ မရတော့ဘဲ အဆက်အသွယ် ပြတ်သွားတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်ကလည်း ဧရာဝတီတိုင်း၊ ဖျာပုံမြို့က စစ်ကောင်စီရဲ့ ခလရ ၉၈ က တပ်သားတွေ ရခိုင်ပြည်နယ်ကို ရှေ့တန်းအပို့ခံရပြီး ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် ၁၀ ယောက်ထက်မနည်း သေဆုံးကာ ကျန်တဲ့လူအားလုံး အဆက်အသွယ်ပြတ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မအူပင်မြို့က ခလရ ၂၇ တပ်လည်း ရခိုင်ပြည်နယ် အပို့ခံရပြီး တပ်ရင်းတခုလုံးနီးပါး ရှေ့တန်းမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013