DVB Logo
Home
အားကစား
နောက်ခံလူ ဘင်ချီဝဲလ်အတွက် ကမ်းလှမ်းမှုကို ချဲလ်ဆီး ပယ်ချ
DVB
·
September 17, 2024
နောက်ခံလူ ဘင်ချီဝဲလ်အတွက် ကမ်းလှမ်းမှုကို ချဲလ်ဆီး ပယ်ချ
Donate to DVB

ချဲလ်ဆီးအသင်းဟာ နောက်ခံလူ ဘင်ချီဝဲလ်အတွက် ကမ်းလှမ်းမှုတွေကို ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။

ဘင်ချီဝဲလ်ကို စတာလင်နဲ့အတူရောင်းထုတ်ဖို့ ချဲလ်ဆီးဘက်က စီစဉ်ခဲ့ပြီး လူစာရင်းကနေ ချန်လှပ်ခဲ့ပါသေးတယ်။

အပြောင်းအရွှေ့နောက်ဆုံးရက်မတိုင်မီ  အစ်ဆွစ်နဲ့ ခရစ္စတယ်ပဲလေ့အသင်းတွေက ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ကြပေမဲ့ ချဲလ်ဆီးဘက်က လက်မခံခဲ့တာဖြစ်တယ်လို့ The Sun သတင်းမှာ ဖော်ပြ ပါတယ်။

အသက် ၂၇ နှစ်ရှိ အင်္ဂလန်ဘယ်နောက်ခံလူဟာ ပွဲထွက်ခွင့်အတွက် နည်းပြမာရက်စ်ကာနဲ့ ဆွေးနွေးသွားရဖို့ရှိပြီး လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ ရောက်မှသာ အသင်းကနေ ထွက်ခွာဖို့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013