DVB Logo
Home
Lead Story
သမိုင်းအမွေအနှစ်တွေနဲ့ ပြည်သူ့အသက်ကို စတေးပြီး စစ်တိုက်‌နေတဲ့ ဘုံရန်သူ ဓားပြဂိုဏ်း
DVB
·
September 16, 2024
သမိုင်းအမွေအနှစ်တွေနဲ့ ပြည်သူ့အသက်ကို စတေးပြီး စစ်တိုက်‌နေတဲ့ ဘုံရန်သူ ဓားပြဂိုဏ်း
Donate to DVB

တိုင်းပြည်နဲ့ လူထုအပေါ် လက်နက်အားကိုးပြီး နှစ်ပေါင်း ၇၀ ကျော် ဗိုလ်ကျအနိုင်ကျင့်ခဲ့ကြတဲ့ စစ်မိစ္ဆာ မကောင်းဆိုးဝါးအုပ်စုဟာ တိုင်းရင်းသားပြည်သူလူထုရဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဝိုင်းဝန်းဆန့်ကျင် ချေမှုန်းတာ ခံလာရပြီး စစ်မျက်နှာအသီးသီးမှာ အရေးနိမ့်လာခဲ့ရတာမို့ အလွန်ယုတ်ညံ့ အောက်တန်းကျစွာ သမိုင်းတန်ဖိုးကြီးမားတဲ့ ရှေးဟောင်းအဆောက်အအုံတွေ၊ သာသနိက အဆောက်အအုံတွေနဲ့ ဘာသာရေးအမွေအနှစ်တွေကို အကာအကွယ်ယူ၊ လူသားဒိုင်းကာတဲ့နည်းလမ်း၊ စစ်မှုထမ်းဥပဒေ ဇွတ်ပြဋ္ဌာန်းပြီး လူငယ်လူရွယ်တွေရဲ့ အသက်ကို စတေးလို့ အကာအကွယ်ယူပြီး စစ်တိုက်တဲ့နည်းလမ်းကို စစ်ဓားပြဂိုဏ်းက အသုံးပြုနေတာဟာ သမိုင်းဆိုးကမ္ပည်းထိုးခဲ့တဲ့ နိုင်ငံတကာစစ်ရေးစံတွေကို အရှက်မဲ့စွာ ချိုးဖောက်မှုကြီးတွေ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က မကောင်းဆိုးဝါး မင်းအောင်လှိုင်နဲ့ စစ်ဓားပြဂိုဏ်းဟာ ပြည်သူလူထုရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေး အစရှိတဲ့ အထွေထွေအကျိုးစီးပွားနဲ့ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာ ထိပါးစေတဲ့ လုပ်ရပ်အမျိုးမျိုးကို ကျူးလွန်နေတဲ့အပြင် နိုင်ငံကို အလုံးစုံပျက်သုဉ်းရေးကို ဦးတည်လုပ်ဆောင်နေတဲ့ လက်နက်အားကိုးအဖွဲ့အစည်း ဖြစ်တာမို့ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ရန်သူ (Enemy of the State) အဖြစ် သတ်မှတ်ကြောင်း ပြီးခဲ့တဲ့ ၅ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မအလဩဇာခံ အောက်တန်းစား စစ်ဓားပြဂိုဏ်းဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်းက AA ကိုတိုက်ခိုက်ဖို့ အကြောင်းပြပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ ရှေးခေတ် ရခိုင်နိုင်ငံတော်ရဲ့ မြို့တော် မြောက်ဦးမြို့က ရက္ခိုင့်သမိုင်းဝင် အမွေအနှစ်တွေနဲ့ ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းပစ္စည်းတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးဖို့ မြောက်ဦး ယဉ်ကျေးမှုပြတိုက်ကို ပစ်ခတ်တိုက်ခတ်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီရဲ့ ၅၄၀ တပ်နဲ့ ၃၇၇ တပ်တို့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေကြောင့် မြောက်ဦးမြို့ရှိ ရခိုင်သမိုင်း ခေတ်အဆက်ဆက် ရေးထိုးထားတဲ့ ကျောက်စာတိုင်တွေနဲ့ တန်ဖိုးဖြတ်လို့ မရနိုင်တဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ပျက်စီးခဲ့ရပါတယ်။

ဒီအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမွေအနှစ် စီမံခန့်ခွဲရေး ယာယီဘုတ်အဖွဲ့ (IBFHA) ကနေ ဇန်နဝါရီ ၁၅ ရက်နေ့မှာ မန္တလေးတိုင်းအတွင်းရှိ ရှေးဟောင်းမြို့ ၇ မြို့ကို မအလ ဓားပြဂိုဏ်းရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့အတွက် အမွေအနှစ်နေရာတွေအဖြစ် ကြေညာခဲ့ရပါတယ်။ အဲဒီမြို့တွေကတော့ သက်တမ်း နှစ် ၆၀၀ မှ ၂၀၀၀ ကြားရှိကြတဲ့ ကျောက်ဆည်မြို့နယ်က မိုင်းမောနဲ့ မြင်စိုင်း၊ စဉ့်ကိုင်မြို့နယ်က မက္ခရာ၊ နထိုးကြီးမြို့နယ်က ဝတီး၊ တံတားဦးမြို့နယ်က ပင်းယနဲ့ အင်းဝ၊ သပိတ်ကျင်းမြို့နယ်က တကောင်းမြို့တို့ ဖြစ်ကြပါတယ်။

ကျင့်ဝတ်သိက္ခာမဲ့ စစ်မကောင်းဆိုးဝါးဂိုဏ်းဟာ လေဓားပြတပ်အားကိုးနဲ့ ၂၀၂၄ ခုနှစ် ဩဂုတ် ၂၇ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း ကလေးမြို့ စော်ဘွားရေရှင်ကျေးရွာရှိ ဆေးရုံနဲ့ ချင်းပြည်နယ် ဇိုလေင်းရွာရှိ ဆေးရုံတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် ရွှေကူ၊ မင်းတပ်၊ လောက်ကိုင် တုံချိန်၊ ရခိုင် မင်းပြား၊ ကျောက်တော်၊ စစ်ကိုင်း ကောလင်း၊ ရှမ်းတောင် ဖယ်ခုံ၊ ဗန်းမောက် စတဲ့ ပြည်နယ်အချို့က မြို့နယ်တွေမှာရှိတဲ့ ဆေးရုံတွေကိုလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာမို့ ဆေးရုံတက်ရောက်ကုသနေတဲ့ လူနာတွေ၊ ဆေးရုံဝန်ထမ်း၊ ဆရာဝန်၊ ဆရာမတွေပါ ထိခိုက်သေကျေခဲ့ကြရပါတယ်။

၂၀၂၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စာရင်းများအရ စစ်ဓားပြဂိုဏ်း အာဏာလုယူပြီးတဲ့နောက် သုံးနှစ်ကျော်ကာလအတွင်းမှာတင် နိုင်ငံအတွင်း ဆေးရုံ၊ ဆေးခန်းပေါင်း ၃၄၃ လုံးကို တိုက်ခိုက်ဖျက်ဆီးခံခဲ့ရတဲ့အကြောင်းကို သိရပါတယ်။

အာဏာငမ်းဖမ်း ရူးသွပ်နေတဲ့ မအလနဲ့ စစ်မိစ္ဆာအုပ်စုဟာ သူတို့ရှင်သန်ရေးနဲ့ အာဏာတည်မြဲဖို့ အရပ်သား ပြည်သူလူထုနဲ့ လူငယ်လူရွယ်တွေကို သူတို့ဘက်က ရှုံးနိမ့်နေတဲ့ စစ်ပွဲတွေမှာ လူသားဒိုင်းအဖြစ် အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်တွေကို စစ်မှုထမ်းဥပဒေနဲ့ ဇွတ်ဖမ်းဆီးလို့ ဓားပြတပ်ထဲသွင်း အသေခံခိုင်းနေသလို အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အတွင်းရှိ သက်ကြီးပိုင်း ပြည်သူလူထုတွေကိုလည်း ၂၀၂၄ ဩဂုတ်လ ၁၆ ရက်နေ့မှာ “ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့” အမည်ခံ သုံးပြုပြီး အလိုမတူဘဲ အတင်းအဓမ္မ တိုက်ပွဲဝင်ခိုင်းဖို့ ပြင်ဆင် ကြိုးပမ်းလာခဲ့ကြပါတယ်။

အခုနောက်ဆုံး စက်တင်ဘာလ ၅ ရက်နေ့ ညက အရပ်သားပစ်မှတ်ဖြစ်တဲ့ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်ရှိ ဖယ်ခုံမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နန့်ခမ်းမြို့နဲ့ နောင်ချိုမြို့နယ်၊ ချင်းပြည်နယ် မင်းတပ်မြို့နယ် စတဲ့ မြို့နယ်လေးခုကို လေကြောင်းမှ တညတည်းမှာတင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေ အပါအဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဒဏ်ရာရသူများလည်း အများအပြား ရှိခဲ့ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် သမိုင်းအမွေအနှစ်တွေနဲ့ ပြည်သူ့အသက်တွေကို စတေး အသေခံခိုင်းနေတဲ့ အာဏာရူး စိတ္တဇလူသတ်ကောင် မင်း‌အောင်လှိုင်နဲ့ သစ္စာခံတပ်ဟာ အဘက်ဘက်မှာ ကျဆုံး၊ စစ်ရှုံးသထက်ရှုံးလာရင်း ဘယ်လိုမှ မနိုင်နိုင်တော့မှန်း သိတာမို့ စစ်ရာဇဝတ်မှုမျိုးစုံနဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အထပ်ထပ်ကျူးလွန်လို့ တိုင်းရင်းသား မိဘပြည်သူတွေအပေါ် အမြင့်ဆုံးအဆင့် မိုက်ရိုင်းယုတ်မာစွာ တိုင်းပြည်ကို ငရဲတွင်းထဲ ဆွဲချနှစ်မြုပ်လို့ ရသလောက် ဖျက်ဆီးနေကြတာမို့ မကောင်းဆိုးဝါး မင်းအောင်လှိုင်နဲ့ စစ်ဓားပြဂိုဏ်းဟာ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ မဟာရန်သူတော် (Enemy of the State) စစ်စစ် ဖြစ်ပါတော့တယ်။

စစ်အာဏာရှင်စနစ် ရှင်သန်နေသရွေ့ သူတို့ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု ကုဋေကုဋာ သူတို့တာဝန်ခံနိုင်အောင် မဖမ်းဆီးနိုင်သရွေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်နဲ့ တိုင်းရင်းသား မိဘပြည်သူလူထုကြီးဟာ ဘယ်တော့မှ လုံခြုံငြိမ်းချမ်းတဲ့ဘဝတွေ မရနိုင်သလို ဘယ်ပြည်သူမှ တာရှည်ခံ ကောင်းမွန်တဲ့ လူမှုရေးဘဝ၊ ပညာရေးဘဝ၊ ကျန်းမာရေးဘဝ၊ စီးပွားရေးဘဝကို မထူထောင်နိုင်တော့ပါဘူး။

ဒါကြောင့် မြန်မာနိုင်ငံအတွင်းက အိမ်ထောင်စုတိုင်း၊ မိသားစုတိုင်းဟာ စစ်မှန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေ၊ အမျိုးသားညီညွတ်‌ရေးအစိုးရ NUG နဲ့တကွ  ပြည်သူ့နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်ပွဲခံနိုင်အောင် မိမိနိုင်ရာဝန် မှန်သမျှ ထမ်းလို့ မီးကုန်ယမ်းကုန် အဘက်ဘက်ကနေ ဝိုင်းဝန်းပါဝင်ကြပြီး စစ်အာဏာရှင်စနစ်ကို အကြွင်းမဲ့ ဖြိုဖျက်ရေး၊ စစ်ဓားပြဂိုဏ်းကို နိဂုံးသတ်ပေးရေးဟာ တခုတည်းသော သမိုင်းပေးတာဝန်ကြီး ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013