DVB Logo
Home
အားကစား
နည်းပြဗန်ပါစီ၏ ဟီရင်ဗင်းအသင်း ပြိုင်ဘက်ကို ၉ ဂိုး ၁ ဂိုးဖြင့် စံချိန်တင်ဂိုးပြတ်ရှုံး 
DVB
·
September 16, 2024
နည်းပြဗန်ပါစီ၏ ဟီရင်ဗင်းအသင်း ပြိုင်ဘက်ကို ၉ ဂိုး ၁ ဂိုးဖြင့် စံချိန်တင်ဂိုးပြတ်ရှုံး 
Donate to DVB

ဟော်လန်တိုက်စစ်မှူးဟောင်း ရော်ဘင်ဗန်ပါစီ ကိုင်တွယ်နေတဲ့ ဟီရင်ဗင်းအသင်းဟာ ပြိုင်ဘက် အေဇက်အယ်လ်ခမာအသင်းကို ၉ ဂိုး ၁ ဂိုးနဲ့ စံချိန်တင် ဂိုးပြတ်ရှုံးနိမ့်သွားပါတယ်။

စက်တင်ဘာ ၁၅ ရက်က  ယှဉ်ပြိုင်ကစားသွားတဲ့ ဟော်လန်လိဂ်ပွဲစဉ် ၅ မှာ နည်းပြဗန်ပါစီရဲ့ ဟီရင်ဗင်းအသင်းက အဝေးကွင်းမှာ ၉ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။

ဒီရလဒ်ဟာ ဟီရင်ဗင်းအသင်းသမိုင်းတလျှောက် ဂိုးအပြတ်ဆုံးရှုံးပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

အာဆင်နယ်နဲ့ မန်ယူတိုက်စစ်မှူး ဟောင်းဗန်ပါစီဟာ  အခုနှစ်ရာသီအစက စီနီယာအသင်းကြီးနည်းပြအဖြစ် ပထမဆုံးအကြိမ် တာဝန်ယူကိုင်တွယ်ခွင့်ရရှိခဲ့တာပါ။

ဟီရင်ဗင်းနဲ့ ဟော်လန်လိဂ်ပွဲစဉ် ၄ ပွဲကစားအပြီးမှာ ၁ ပွဲသာ အနိုင်ရရှိထားပြီး ၂ ပွဲရှုံး၊ ၁ ပွဲ သရေကျထားပါတယ်။

ဗန်ပါစီဟာ အာဆင်နယ် ကစားသမားဘဝက မန်ယူအသင်းကို ၈ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ဖူးလို့ ဂိုးပြတ်ရလဒ်တွေနဲ့ ရင်းနှီးပြီးသားသူဖြစ်ကြောင်း ဒေးလီးမေးလ်သတင်းစာက ရေးသားထား ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013