DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ရေဘေးပြန်လည်ထူထောင်ရေး မလုပ်နိုင်မည်ကို လူမှုအဖွဲ့အစည်းများ စိုးရိမ်
DVB
·
September 15, 2024
စစ်ကောင်စီက ရေဘေးပြန်လည်ထူထောင်ရေး မလုပ်နိုင်မည်ကို လူမှုအဖွဲ့အစည်းများ စိုးရိမ်
Donate to DVB

မြန်မာနိုင်ငံတဝန်း ရေဘေးသင့်ပြီး ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ စစ်ကောင်စီက ကယ်ဆယ်ရေးထက် လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ရေးကို ဦးစားပေးနေလို့ ပြန်လည်ထူထောင်ရေး မလုပ်နိုင်မှာ လူမှုအဖွဲ့အစည်းတွေက စိုးရိမ်နေကြပါတယ်။

စစ်ကောင်စီအနေနဲ့ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ထားတာ မရှိတဲ့အပြင် ရေဘေး ဖြစ်နေချိန်မှာ ပြည်သူလူထုကို ကူညီကယ်ဆယ်ခြင်းထက် လက်လွှတ်ထားတဲ့ နယ်မြေတွေကို ဗုံးကြဲနေတာကို ကြည့်ခြင်းဖြင့် ပြန်လည်ထူထောင်ရေးအတွက် စိုးရိမ်စရာတွေ ဖြစ်တယ်လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦးက DVB ကို ပြောပါတယ်။

“ရေဘေးမှာ ပြည်သူတွေ သေရတာ တရားခံက စစ်တပ်ပဲ။ မိုး/ဇလကနေ ကြိုတင်သတိပေးတာလည်း မရှိဘူး။ ရေကြီးနေတဲ့အချိန်မှာလည်း စစ်ခေါင်းဆောင်တွေအနေနဲ့ ပြည်သူနဲ့ အတူမရှိဘူး။ သူတို့ခေါင်းထဲမှာ လက်လွှတ်ထားတဲ့ နယ်မြေတွေကို ဗုံးကြဲဖို့ပဲ သိတယ်။ စစ်တပ်ရဲ့ အရည်အချင်းက အိမ်နီးချင်း ထိုင်းရဲ့ ခြေဖျားတောင် မမီဘူး။” 

စစ်ကောင်စီက စက်တင်ဘာ ၁၄ ရက်က ထုတ်ပြန်ခဲ့တဲ့ ရေနစ်မြုပ်ပြီး သေဆုံးနဲ့ ပျက်စီးဆုံးရှုံး စာရင်းမှာ မှားယွင်းနေတဲ့အတွက် ရေဘေးသင့်ပြည်သူတွေအတွက် နစ်နာမှုများစွာ ဖြစ်စေတယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်နေသူတဦးက DVB ကို ပြောပါတယ်။

“စစ်တပ်က  တနိုင်ငံလုံး  ၃၀ သေတယ် ထုတ်ပြန်လိုက်၊   ၇၉ ယောက် သေတယ် ထုတ်ပြန်လိုက် ခဏခဏ ထုတ်ပြန်နေတယ်။ ဒီလိုစာရင်းအမှားတွေက ပြန်လည်ထူထောင်ရေးလုပ်ရင် နစ်နာမှာက ရေဘေးသင့်ပြည်သူတွေပါ။ ကျနော်တို့က ပရဟိတ လုပ်နေတော့ ပရဟိတအဖွဲ့ချင်း ချိတ်ပြီး မေးလို့ရတယ်။ ရမည်းသင်း၊ ကလော နဲ့ ကယား မှာသေတာ ပေါင်းရင်တောင် ရာနဲ့ချီ ရှိတယ်။”

မြန်မာနိုင်ငံမှာ စက်တင်ဘာ ၁၀ ရက်မှ ၁၃ ရက်အတွင်း  ရှမ်းတောင်၊ ရှမ်းအရှေ့၊ ကရင်၊ ကရင်နီ၊ နေပြည်တော်၊ မန္တလေးနဲ့ ပဲခူးတို့မှာ ရေကြီးခဲ့ပြီး ပြည်သူရာနဲ့ချီ သေဆုံးကာ အိုးအိမ် ၁ သိန်းနီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

စစ်ကောင်စီက စက်တင်ဘာ ၁၄ ရက် ထုတ်ပြန်ခဲ့တဲ့စာရင်းမှာ မုန်တိုင်းဒဏ်ကြောင့် မြို့နယ် ၆၄ မြို့နယ်မှာ ၇၉ ဦး သေဆုံးပြီး လူနေအိမ် ၆၅,၇၅၉ လုံး ပျက်စီးခဲ့ပြီး အဲဒီစာရင်းမှာတော့ ရေမြုပ်သွားတဲ့ လယ်ယာ၊ သီးနှံစိုက်ခင်းတွေ ပါဝင်ခြင်းမရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013