DVB Logo
Home
မြန်မာသတင်း
Uncle Roger  ဇာတ်ကောင်ပုံစံ လူ ၄၀၀ နီးပါးစုဝေးပြီး ဂင်းနစ်ကမ္ဘာ့စံချိန်တင်
DVB
·
September 15, 2024
Uncle Roger  ဇာတ်ကောင်ပုံစံ လူ ၄၀၀ နီးပါးစုဝေးပြီး ဂင်းနစ်ကမ္ဘာ့စံချိန်တင်
Donate to DVB

မလေးရှား ဟာသသရုပ်ဆောင်နဲ့ ယူကျုဘ်စတား နိုင်ဂျယ်အင်န်ဟာ သူ့ရဲ့နာမည်ကျော် အန်ကယ်ရော်ဂျာ ပုံစံတူဝတ်စားထားသူ ၃၈၈ ဦးနဲ့ စုရုံးပြီး ဂင်းနစ်ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပါတယ်။ 

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့က ရှော့ပင်းမောလ်တခုမှာ ပြုလုပ်တဲ့ အဲဒီပွဲမှာ လူတွေက အန်ကယ်ရော်ဂျာစတိုင်ဖြစ်တဲ့ လိမ္မော်ရောင် ပိုလိုရှပ်အင်္ကျီ၊ အနက်ရောင်ဘောင်းဘီ ဝတ်ဆင်ပြီး စုရုံးခဲ့ကြတာပါ။ 

အန်ကယ်ရော်ဂျာဟာ အစားအသောက်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ ဂေါ်ဒွန်ရမ်ဆေးလို ကမ္ဘာကျော်စားဖိုမှူးတွေကို ဟာသလုပ်မှုကြောင့် ထင်ရှားတဲ့ဇာတ်ကောင် ဖြစ်ပါတယ်။ စုဝေးခဲ့ကြတဲ့ပရိသတ်ဟာ အန်ကယ်ရော်ဂျာရဲ့ စကားလုံးဖြစ်တဲ့ ‘ဖူယိုး’ လို့ သံပြိုင်အော်ခဲ့ကြပါတယ်။ 

ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ဂျက်ဆီဝေါင်ကတော့ အင်န်ဟာ မလေးယဉ်ကျေးမှု၊ မလေး လေယူလေသိမ်းနဲ့ ဗန်းစကားတွေကို ကမ္ဘာက သိအောင်လုပ်သူ ဖြစ်တယ်လို့ ဆိုပါတယ်။

အင်န်ရဲ့ "Fuiyoh! It’s Uncle Roger' စားသောက်ဆိုင်ဖွင့်ပွဲနဲ့ တချိန်တည်း ကမ္ဘာ့စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013