DVB Logo
Home
နိုင်ငံတကာ
လိင်ပိုင်းစော်ကားခံရသည့် ကလေး ၄၀၀ ကျော်ကို မလေးရှားရဲတပ်ဖွဲ့ ကယ်တင်
DVB
·
September 14, 2024
လိင်ပိုင်းစော်ကားခံရသည့် ကလေး ၄၀၀ ကျော်ကို မလေးရှားရဲတပ်ဖွဲ့ ကယ်တင်
Donate to DVB

မလေးရှားအာဏာပိုင်တွေဟာ နာမည်ကြီး အစ္စလာမ္မစ် ပရဟိတဂေဟာတွေက လိင်ပိုင်းဆိုင်ရာနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားခံရမှုရဲ့ နစ်နာသူတွေဖြစ်ကြတဲ့ ကလေးပေါင်း ၄၀၀ ကျော်ကို ကယ်တင်ခဲ့ကြောင်း မလေးရှား ရဲစစ်ဆေးရေးမှူးချုပ် ရာဇာရူဒင် ဟူစိန်က စက်တင်ဘာ ၁၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

အဲဒီပရဟိတဂေဟာတွေ အားလုံးကို ဂလိုဘယ် အီခွမ် ဝန်ဆောင်မှုများနဲ့ စီးပွားရေးလုပ်ငန်းစု (GISB) က စီမံဆောင်ရွက်ထားတာဖြစ်ပြီး GISB ဟာ ၁၉၉၄ ခုနှစ်မှာ အစိုးရက တားမြစ် ပိတ်ပင်ခဲ့တဲ့ မလေးရှားအခြေစိုက် အယ်လ်-အာရ်ခမ် ဘာသာရေးဂိုဏ်းနဲ့ အချိတ်အဆက် ရှိနေတယ်လို့ ဆိုပါတယ်။

ကလေးတွေနဲ့ပတ်သက်တဲ့ လျစ်လျူရှုမှု၊ မတော်မတရားမှု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုဆိုင်ရာ တိုင်ကြားချက်တွေ ရရှိပြီးနောက်မှာ မလေးရှားနိုင်ငံ ဆီလန်ဂေါ ပြည်နယ်နဲ့ နက်ဂရီ ဆမ်ဘိလန်ပြည်နယ်တို့က ဂေဟာနေရာပေါင်း ၂၀ မှာ ပူးပေါင်းစီးနင်းမှု လုပ်ဆောင်ခဲ့ပြီး အသက် ၁ နှစ်မှ ၁၇ နှစ်ကြား ယောက်ျားလေး ၂၀၁ ယောက်နဲ့ မိန်းကလေး ၂၀၁ ယောက်တို့ အပါအဝင် ကလေးပေါင်း ၄၀၀ ကျော်ကို ကယ်တင်ခဲ့ကြောင်းနဲ့ အစ္စလာမ့်ဘာသာရေးဆရာတွေနဲ့ ကလေးထိန်းတွေ အပါအဝင် အသက် ၁၇ နှစ်ကနေ ၆၄ နှစ်ကြား အရွယ်ရောက်ပြီးသူ ၁၇၁ ယောက်ကို ဖမ်းဆီးခဲ့ကြောင်း ရဲစစ်ဆေးရေးမှူးချုပ် ရာဇာရူဒင်က ပြောပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ပဏာမ စုံစမ်းတွေ့ရှိချက်အရ ကယ်တင်ခဲ့တဲ့ အရွယ်မရောက်သေးသူတွေဟာ မလေးရှား GISB ဝန်ထမ်းတွေရဲ့ သားသမီးတွေ ဖြစ်ကြပြီး မတော်မတရားမှု ပုံစံမျိုးစုံကို မခံရခင်က မွေးပြီး မကြာခင်မှာပဲ ဂေဟာတွေဆီ ပို့ဆောင်ခံခဲ့ရတယ်လို့ ရာဇာရူဒင်က ပြောပါတယ်။

ဒါကြောင့် ရဲတပ်ဖွဲ့အနေနဲ့ GISB ဦးပိုင်ကုမ္ပဏီကို လူကုန်ကူးမှုဆိုင်ရာ ရာဇဝတ်မှုတွေကို ကျူးလွန်ကြောင်း သံသယရှိတယ်လို့လည်း ဆိုပါတယ်။

စုဆောင်းရရှိထားတဲ့ တိုင်ကြားချက်တွေ၊ အစီရင်ခံစာတွေအရ နစ်နာသူကလေးတွေကို လိင်တူဆက်ဆံဖို့ သင်ကြားပေးပြီးနောက် ကလေးထိန်းအစောင့်တွေက သီးခြားခွဲထုတ်သွားပြီး ကလေးအချင်းချင်းကိုလည်း အတင်းအဓမ္မ လိင်တူဆက်ဆံခိုင်းတယ်လို့ သိရှိရကြောင်းနဲ့ နေမကောင်းတဲ့ ကလေးတွေကိုလည်း စိုးရိမ်ရတဲ့ အခြေအနေ ရောက်တဲ့အထိ ဆေးခန်းမှာ ဆေးကုသမှုခံယူခွင့် မပေးခဲ့ကြောင်း ရဲစစ်ဆေးရေးမှူးချုပ်က ရှင်းလင်းပြောဆိုပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး GISB စီးပွားရေးလုပ်ငန်းစုမှ ဘုတ်အဖွဲ့ကို စစ်ဆေးမေးမြန်းဖို့ ခေါ်ယူသွားမှာဖြစ်ပြီး အဲဒီအဖွဲ့နဲ့ အချိတ်အဆက်ရှိတဲ့ နေရာတွေကို နောက်ထပ် ဖမ်းဆီးမှုတွေ၊ စီးနင်းမှုတွေ ရှိချင်ရှိနိုင်တယ်လို့လည်း ရဲစစ်ဆေးရေးမှူးချုပ် ရာဇာရူဒင်က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့နှောင်းပိုင်း ထုတ်ပြန်ချက်တခုမှာတော့ GISB ဟာ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး ပရဟိတဂေဟာတွေကို စီမံခန့်ခွဲခြင်း မရှိကြောင်း ပြောကြားခဲ့ပါတယ်။

ရဲဌာနမှာ ခေါ်ယူစောင့်ရှောက်ထားတဲ့ ကလေး ၃၉၂ ယောက်ကို အာဏာပိုင်တွေက စစ်ဆေးမှုတွေ လုပ်ပေးနေပြီး နေမကောင်းသူတွေ၊ အထူးလိုအပ်ချက်ရှိသူတွေကို ဆက်လက်ပြုစုစောင့်ရှောက် ပေးနိုင်ဖို့ လူမှုဖူလုံရေးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနတွေကို လွှဲပြောင်းပေးထားကြောင်းလည်း ရဲစစ်ဆေးရေးမှူးချုပ် ရာဇာရူဒင် ဟူစိန်က ပြောကြားခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013