DVB Logo
Home
နိုင်ငံတကာ
ဂါဇာစစ်ပွဲအတွင်း ပါလက်စတိုင်း ၄၁,၀၀၀ နီးပါး သေဆုံး
DVB
·
September 11, 2024
ဂါဇာစစ်ပွဲအတွင်း ပါလက်စတိုင်း ၄၁,၀၀၀ နီးပါး သေဆုံး
Donate to DVB

ဂါဇာကမ်း‌မြောင်းမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း သေဆုံးသူ ၄၀,၉၈၈ ယောက်အထိ မြင့်တက်လာခဲ့တယ်လို့ ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်တွေက စက်တင်ဘာ ၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ နောက်ဆုံးဖြစ်ခဲ့တဲ့ အောက်တိုဘာလကနေ အခုထိ ဒဏ်ရာရသူဦးရေ ၉၄,၈၂၅ ယောက်အထိ ရှိခဲ့တယ်လို့လည်း ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသ ဂျာဘာလီယာမှာ တနင်္လာနေ့က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု တခုအတွင်း အမျိုးသမီးတယောက်နဲ့ ကလေး ၂ ယောက် အပါအဝင် လူ ၆ ယောက် သေဆုံးခဲ့ပြီး တခြားလူ အများအပြား ဒဏ်ရာရခဲ့ပါတယ်။

ဩဂုတ်လကုန်အထိ ပဋိပက္ခအတွင်း ကျောင်းနေအရွယ် ကလေး ၁၁,၅၀၀ ကျော် သေဆုံးခဲ့ပြီး သောင်းနဲ့ချီတဲ့ အကြမ်းဖက်မှုတွေကြောင့် ဒဏ်ရာရ၊ မသန်စွမ်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားခဲ့ကြရတယ်လို့ ပါလက်စတိုင်း ပညာရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသက စာသင်ကျောင်း ၈၅ ရာခိုင်နှုန်း ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။

မနှစ် အောက်တိုဘာလက စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း ပညာရေးနဲ့ပတ်သက်တဲ့ ဝန်ထမ်း ၇၅၀ ကျော် သေဆုံးခဲ့ပြီး ထောင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013