DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ပေါ်တာဆွဲသည့် သတင်းများကြောင့် ညအစောပိုင်း အသွားလာရှင်းလာ
DVB
·
September 5, 2024
ရန်ကုန်တွင် ပေါ်တာဆွဲသည့် သတင်းများကြောင့် ညအစောပိုင်း အသွားလာရှင်းလာ
Donate to DVB

ရန်ကုန်မှာ ညဘက် အိမ်ပြန်နောက်ကျသူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတယ်ဆိုတဲ့ သတင်းထွက်နေတာကြောင့် ညအစောပိုင်းအချိန်မှာတင် အသွားအလာ ရှင်းလင်းလာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရန်ကုန်မြို့ရဲ့ လမ်းမကြီးတွေပေါ်မှာ ည ၇ နာရီလောက်မှာ အသွားအလာနည်းသွားပြီး လမ်းဘေးဈေးဆိုင်တွေလည်း သိမ်းချိန်စောလာတယ်လို့ ဆိုပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူတယောက်က “ရုံးသမားတွေလည်း စောစောပြန်ကြတယ်။ ညမှောင်ပြီဆိုတာနဲ့ လူတွေက စိုးရိမ်ထိတ်လန့်နေကြတာ။ သတင်းတွေက ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သတိထားတာ ပိုကောင်းတယ်ဆိုပြီး မိုးချုပ်ရင် အပြင်သိပ်မထွက်တော့တာ” လို့ ပြောပါတယ်။

မြို့နယ်ကျော်ပြီး ဈေးရောင်းချနေတဲ့ လမ်းဘေးဈေးသည်တွေ အနေနဲ့လည်း အိမ်ပြန်နောက်ကျမှာ စိုးတာကြောင့် ဆိုင်စောစောသိမ်းလာကြတယ်လို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။

“ဒီကလူတော်တော်များများက စံပြဈေးမှာ ပျံကျဈေးရောင်းတာ၊ အရင်ကဆို ည ၈ နာရီကျော်မှ ဆိုင်သိမ်းပြန်ကြတယ်။ အခု ပေါ်တာသတင်းတွေ ပြန်ကြားနေရတော့ ၆ နာရီကျော်တာနဲ့ ဆိုင်စသိမ်းပြီ။ အပြန်ကားကလည်း အရင်လို သိပ်မရှိတော့ဘူး။”

ညအိမ်အပြန်နောက်ကျသူတွေကို စစ်သားတွေက စစ်ဆေးဖမ်းဆီးကာ စစ်မှုထမ်းဖို့ ခေါ်နေတယ်ဆိုတဲ့ သတင်းတွေ ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့နေ ပြည်သူတွေကြားထဲ ပျံ့နှံ့နေတာပါ။

အဲဒါကြောင့် အခြေခံပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်နေကြပေမဲ့ ကလပ်၊ ဘားနဲ့ စားသောက်ဆိုင်တွေမှာတော့ ညနက်တဲ့အချိန်အထိ သိသိသာသာ လူနည်းသွားတာ မရှိဘူးလို့ အငှားယာဥ်မောင်းတယောက်က ပြောပါတယ်။

စစ်ကောင်စီက ရန်ကုန်တိုင်းအတွင်း ဆိပ်ကြီးခနောင်တိုနဲ့ ဒလမြို့နယ်ကလွဲပြီး ကျန် ၃၁ မြို့နယ်မှာ မနက် ၁ နာရီကနေ မနက် ၃ နာရီအထိ ညမထွက်ရအမိန့်ကို သြဂုတ် ၂၇ ရက်ကစပြီး ပြင်ဆင်သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013