DVB Logo
Home
နိုင်ငံတကာ
ဂါဇာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အသစ် မရရှိသေးဟု ဟားမတ်စ် ပြော
DVB
·
September 5, 2024
ဂါဇာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အသစ် မရရှိသေးဟု ဟားမတ်စ် ပြော
Donate to DVB

ဟားမတ်စ်အဖွဲ့ဟာ ဓားစာခံတွေအတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ ပတ်သက်ပြီး တရားဝင် အဆိုပြုချက်အသစ် တစုံတရာ မရရှိထားသေးဘဲ တော်လှန်ရေးရဲ့ တောင်းဆိုချက်တွေနဲ့ ပြည်သူတွေရဲ့ တောင်းဆိုချက်တွေကို တုံ့ပြန်တဲ့ အဆိုပြုချက်တခု ရှိလာရင် အပြုသဘောနဲ့ ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ဟားမတ်စ် အကြီးတန်းအရာရှိ အစ်ဇတ် အယ်လ်ရီရှက်ခ်က စက်တင်ဘာ ၄ ရက်မှာ ရိုက်တာကို ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ စီစဉ်ထားတဲ့နေ့မှာပဲ အခုလို ကြေညာချက် ထွက်လာတာပါ။

အမေရိကန် အုပ်ချုပ်ရေးပိုင်းက အရာရှိတချို့နဲ့ မီဒီယာတွေကနေ ပေါက်ကြားမှုတွေ၊ ပြောဆိုချက်တွေကို အများအပြား ကြားနေရပေမဲ့လည်း တရားဝင်တော့ ဘာအဆိုပြုချက် အသစ်မှ မရသေးဘူးလို့ အစ်ဇတ် အယ်လ်ရီရှက်ခ်က ဆိုပါတယ်။

အမေရိကန်နဲ့ သူ့မဟာမိတ်တွေဟာ ဖျားနာသူ၊ သက်ကြီးရွယ်အိုတွေနဲ့ ဒဏ်ရာရ ဓားစာခံတွေ လွတ်မြောက်ရေးအတွက် ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခမှာ အနည်းဆုံးတော့ အပစ်အခတ် ယာယီ ရပ်တန့်သွားစေမယ့် ဓားစာခံတွေအတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဆွေးနွေးညှိနှိုင်းဖို့ အပြင်းအထန် တွန်းအားပေးနေတာပါ။

အမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့ ဦးဆောင်တဲ့ ဖျန်ဖြေရေး ကြိုးပမ်းမှုတွေမှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား သဘောတူညီချက် ခုထိမရသေးပါဘူး။

သီတင်းပတ်ကုန်တုန်းက အစ္စရေးတပ်ဖွဲ့ဝင်တွေ ဆယ်ယူရရှိခဲ့တဲ့ ဓားစာခံ ၆ ယောက် သေဆုံးမှုနဲ့ ပတ်သက်လို့ အစ်ဇတ် အယ်လ်ရီရှက်ခ်က မှတ်ချက်ပေး ပြောကြားခဲ့ပြီး သူတို့သေဆုံးမှုအတွက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုမှာ အပြည့်အဝ တာဝန်ရှိတယ်လို့ ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသက ဇီယွန်ဝါဒီ အကျဉ်းသားတွေရဲ့ ကံကြမ္မာဟာ စစ်ရာဇဝတ်ကောင် နေတန်ယာဟု တယောက်တည်းရဲ့ လက်ထဲမှာသာ ရှိပြီး ဓားစာခံ ၆ ယောက် သေဆုံးခြင်းအတွက် အကြမ်းဖက်စစ်တပ်ရဲ့ ထောက်တိုင်တွေက အပြည့်အဝ တာဝန်ခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အကျဉ်းသားတွေကို အင်အားသုံးပြီး လွတ်မြောက်အောင် ကြိုးပမ်းရာမှာ နေတန်ယာဟုရဲ့ စစ်ရေးအရှိန်မြှင့်မှုအပေါ် လောင်းကြေးထပ်မှုမှာ မအောင်မြင်ဘဲ သူ့စစ်တပ်လက်ထဲမှာပဲ သူတို့ကို အသတ်ခံရဖို့ ဦးတည်သွားစေခဲ့တယ်လို့ ပြောပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013