DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယတွင် Reliance နှင့် Disney ပူးပေါင်းမည့်အစီအစဉ် ခွင့်ပြုချက်ရ
DVB
·
September 1, 2024
အိန္ဒိယတွင် Reliance နှင့် Disney ပူးပေါင်းမည့်အစီအစဉ် ခွင့်ပြုချက်ရ
Donate to DVB

အိန္ဒိယနိုင်ငံမှာ ဒေါ်လာ ၈ ဒသမ ၅ ဘီလျံတန်ဖိုးရှိတဲ့  Reliance Industries နဲ့ Disney တို့ ပူးပေါင်းမဲ့ အစီအစဉ်ကို လက်ဝါးကြီးအုပ်မှုတိုက်ဖျက်ရေးကော်မရှင်က ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ 

ဘီလျံနာသူဌေးကြီး မူကတ်ရှ်အမ်ဘာနီရဲ့ Reliance Industries က အများစုရှယ်ယာရှင် ဖြစ်လာမယ့် ဒီအစီအစဉ်ဟာ Sony ၊ Netflix ၊ Amazon တို့ကို ယှဉ်ပြိုင်မယ့် အိန္ဒိယအကြီးဆုံး ဖျော်ဖြေရေးဝန်ဆောင်မှုကို ဖန်တီးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ 

ဒီအကျိုးတူပူးပေါင်းမှုလုပ်ငန်းကြီးဟာ အိန္ဒိယမှာ လူကြိုက်အများဆုံး ခရစ်ကတ်ကစားပွဲတွေ အပါအဝင် အိန္ဒိယက အားကစားနည်းအများစုရဲ့ ထုတ်လွှင့်ခွင့်ကို ကိုင်စွဲထားမှာဖြစ်ပါတယ်။

လာမယ့် ၆ လအတွင်း ပူးပေါင်းမှုကို အပြီးသတ်သွားမှာဖြစ်ပြီး အမ်ဘာနီရဲ့ ဇနီးသည် နီတာ က ဦးဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။  

ဒီလုပ်ငန်းကြီးနှစ်ခုသာ ပူးပေါင်းလိုက်ရင် အားကစား ရုပ်သံလွှင့်ခွင့်တွေ အားလုံး လုပ်ငန်းတခုတည်းက ထိန်းချုပ်ထားသလို ဖြစ်သွားမှာဖြစ်တဲ့အတွက် စိုးရိမ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းနှစ်ခုစလုံးဟာ ခရစ်ကတ်ပွဲတွေကို အခမဲ့ပြပြီး ပရိသတ်ကို ဆွဲဆောင်ထားတာဖြစ်ပြီး  အခုပေါင်းလိုက်ရင် ဒီပွဲတွေအတွက် ကြော်ငြာခတွေ အများကြီး တိုးကောက်တာမျိုး လုပ်လာမှာကိုလည်း ကော်မရှင်ဘက်က ပူပန်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဒီလုပ်ငန်းနှစ်ခုက ကြော်ငြာခ အရမ်းတိုးမကောက်ဘူးလို့ ကတိပြုခဲ့သလို သူတို့ရဲ့ အားကစားမဟုတ်တဲ့ တီဗွီချန်နယ်တွေကိုလည်း ပြန်ရောင်းပေးဖို့ သဘောတူခဲ့ပါတယ်။

ဒီကုမ္ပဏီနှစ်ခုဟာ ခရစ်ကတ်အပြင် ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲ၊ MotoGP ဆိုင်ကယ်ပြိုင်ပွဲ၊ အင်္ဂလန်ပရီးမီးယားလိဂ် စတဲ့ အိန္ဒိယမှာ လူကြည့်အများဆုံး အားကစားနည်းတွေ ထုတ်လွှင့်ခွင့်တွေလည်း ပိုင်ဆိုင်ထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013