DVB Logo
Home
နိုင်ငံတကာ
Reliance နှင့် Walt Disney အိန္ဒိယမီဒီယာ ဘုတ်အဖွဲ့ဥက္ကဋ္ဌအဖြစ် နီတာအမ်ဘာနီ ခန့်အပ်ခံရနိုင်
DVB
·
February 29, 2024
Reliance နှင့် Walt Disney အိန္ဒိယမီဒီယာ ဘုတ်အဖွဲ့ဥက္ကဋ္ဌအဖြစ် နီတာအမ်ဘာနီ ခန့်အပ်ခံရနိုင်
Donate to DVB

အိန္ဒိယနိုင်ငံက ဘီလီယံနာသူဌေး မူခက်ရှ်အမ်ဘာနီရဲ့ဇနီး နီတာအမ်ဘာနီဟာ Reliance Industries နဲ့ Walt Disney ကုမ္ပဏီတို့ရဲ့ အိန္ဒိယ မီဒီယာပိုင်ဆိုင်မှုတွေကို ပေါင်းစည်းလိုက်တဲ့ ဘုတ်အဖွဲ့ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရနိုင်တယ်လို့ သတင်းရင်းမြစ်တွေက ပြောလိုက်ပါတယ်။

အမ်ဘာနီမိသားစုက ထိန်းချုပ်ထားတဲ့ Reliance နဲ့ Disney တို့ဟာ လအတော်ကြာ ဆောင်ရွက်ခဲ့တဲ့ အိန္ဒိယမီဒီယာနဲ့ ပေါင်းစည်းမှု သဘောတူညီချက်ကို လက်မှတ်ထိုးဖို့ နီးစပ်နေပြီး ဖေဖော်ဝါရီ ၂၈ ရက်နှောင်းပိုင်းမှာ ကြေညာနိုင်တယ်လို့လည်းဆိုပါတယ်။

အစီအစဥ်တွေကို တရားဝင်မကြေညာမီ ပြောင်းလဲသွားနိုင်ပြီး ဒီသတင်းကို မှတ်ချက်ပေးဖို့ Disney က ငြင်းပေမဲ့ Reliance ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို မတုံ့ပြန်ခဲ့ပါဘူး။ 

နီတာ အမ်ဘာနီဟာ ပရဟိတလုပ်ငန်းကို ပိုအာရုံစိုက်ဖို့ Reliance Industries ဘုတ်အဖွဲ့ကနေ နုတ်ထွက်အပြီး လနည်းနည်းအကြာမှာ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရမှာပါ။ သူဟာ လက်ရှိမှာ Reliance ဖောင်ဒေးရှင်းမှာ တည်ထောင်သူနဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ 

Reliance နှင့် Disney တို့ကြားမှာ တိုက်ရိုက်ထုတ်လွှင့်တဲ့ ဝန်ဆောင်မှုအပြင် ရုပ်သံလိုင်းပေါင်း 120 ပါရှိပြီး ဒီသဘောတူညီချက်ဟာ အိန္ဒိယနိုင်ငံရဲ့ ဒေါ်လာ ၂၈ ဘီလီယံတန် မီဒီယာနဲ့ ဖျော်ဖြေရေးဈေးကွက်မှာ Relianceရဲ့ ချုပ်ကိုင်မှုကို အားကောင်းစေမှာပါ။ 

Relianceဟာ Disneyရဲ့ အိန္ဒိယနိုင်ငံထဲက လုပ်ငန်းဆောင်တာ တွေကိုဒေါ်လာ ၃ ဒသမ ၅ ဘီလီယံသာ တန်ဖိုးဖြတ်မှာ ဖြစ်ပြီး ဒါဟာ ၂၀၁၉ ခုနှစ်မှာ ခန့်မှန်းထားတဲ့ ဒေါ်လာ ၁၅-၁၆ ဘီလီယံထက် သိသိသာသာ နိမ့်ကျခဲ့ပါတယ်။

သဘောတူညီချက်တခုဖြစ်တဲ့ ပေါင်းစည်းထားတဲ့ အဖွဲ့အစည်းမှာ Reliance ဟာ ၅၁ ရာခိုင်နှုန်းကနေ ၅၄ ရာခိုင်နှုန်းအထိ ရှယ်ယာပါနိုင်တယ်လို့ ရိုက်တာသတင်းဌာနက အရင်က ဖော်ပြခဲ့ဖူးပါတယ်။

ဂျိမ်းစ် မားဒေါ့ချ်နဲ့ ထိပ်တန်း ဒစ္စနေး အမှုဆောင်ဟောင်း ဥဒေးရှန်ကာတို့ကြား ဖက်စပ်လုပ်ငန်း ဖြစ်တဲ့ ဗောဓိထရီး ကတော့ ပေါင်းစည်းထားတဲ့ အဖွဲ့အစည်းအသစ်မှာ ရှယ်ယာ ၉ ရာခိုင်နှုန်း လောက်ကို ယူဖို့ စီစဉ်ထားပါတယ်။ Disney ကတော့ ရှယ်ယာ ၄၀ ရာခိုင်နှုန်းလောက်ကို ကိုင်စွဲထားမှာ ဖြစ်ပါတယ်။

Source/Photo-REUTERS/Shailesh Andrade

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013