DVB Logo
Home
နိုင်ငံတကာ
ဂါဇာတွင် ပိုလီယိုကာကွယ်ဆေးထိုးလှုပ်ရှားမှု စတင် 
DVB
·
September 1, 2024
ဂါဇာတွင် ပိုလီယိုကာကွယ်ဆေးထိုးလှုပ်ရှားမှု စတင် 
Donate to DVB

ဂါဇာကမ်းမြောင်မှာ အသက် ၁၀ နှစ်အောက် ‌ကလေးတွေကို ရည်ရွယ်ဦးတည်တဲ့ ပိုလီယို ကာကွယ်ဆေးထိုး လှုပ်ရှားမှုကို စတင်လိုက်ပြီဖြစ်ကြောင်း ဩဂုတ်  ၃၁ ရက်က ခန်ယိုးနစ်စ်မြို့ သတင်းစာရှင်းလင်းပွဲမှာ ဂါဇာရှိ ကျန်းမာရေးအရာရှိတွေက ကြေညာခဲ့ပါတယ်။

စစ်ပွဲဖြစ်ပွားနေတဲ့ ပါလက်စတိုင်းနယ်မြေအတွင်း ကာကွယ်ဆေးတွေ စတင်ထိုးနှံမှု အောင်မြင်စေဖို့အတွက် “အစစ်အမှန် အပစ်အခတ်ရပ်စဲရေး”ကို ဂါဇာရှိ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့မှာ တောင်းဆိုခဲ့ပါတယ်။

ဒီကမ်ပိန်းက စက်တင်ဘာ ၁ ရက်ကနေ ၄ ရက်အထိ ဂါဇာအလယ်ပိုင်းက ကလေးတွေကို စတင်ထိုးနှံပေးမှာ ဖြစ်ပြီးတော့ စက်တင်ဘာ ၅ ရက်ကနေ ၈ ရက်အထိ ကမ်ပိန်းကို ခန်ယိုးနစ်စ်နဲ့ ရာဖှာ အပါအဝင် တောင်ပိုင်းဒေသကို ရွှေ့မှာဖြစ်ပါတယ်။

အဲဒီနောက် စက်တင်ဘာ ၉ ရက်မှ ၁၂ ရက်အထိ ကမ်ပိန်းကို ဂါဇာကမ်းမြောင်နဲ့ မြောက်ပိုင်းမြို့တွေကို ပြောင်းရွှေ့မှာဖြစ်ကြောင်း နည်းပညာကော်မတီရဲ့ အကြီးအကဲ ဖြစ်တဲ့ ကြိုတင်ကာကွယ်ဆေးဝါးဆိုင်ရာ ဒါရိုက်တာ မာဂျစ်ဒ် ဒါဟဲက ပြောပါတယ်။

တိုက်ပွဲတွေဟာ အဆင့်တခုစီမှာ အနည်းဆုံး ၈ နာရီကြာ ၃ ရက်ဆက်တိုက် ခေတ္တရပ်သွားဖွယ်ရှိပါတယ်။ တိုက်ပွဲ ခေတ္တရပ်နားထားမှုတွေကို လိုအပ်ရင် လိုအပ်သလို အဆင့်တခုစီမှာ ၄ ရက်မြောက်နေ့အထိ တိုးမြှင့်နိုင်မယ်လို့ WHO မှ ပြောကြားထားပါတယ်။

ဒါပေမဲ့ တိုက်ပွဲရပ်နားမှုတွေဟာ ဇုန်တခုစီရဲ့ နယ်မြေအကုန်လုံးကို အကျုံးဝင်မှာ မဟုတ်ကြောင်း ဩဂုတ် ၃၀ ရက်နေ့မှာ  ရိုက်တာသတင်းဌာနက မြင်တွေ့ရတဲ့ မြေပုံတခုအရ COGAT မှ ကုလသမဂ္ဂ သတင်းရင်းမြစ်က ပြောပါတယ်။ မြေပုံအရ ဇုန်တခုစီရဲ့ အတွင်းရှိ သေးငယ်တဲ့ ဧရိယာမှာသာ တိုက်ပွဲရပ်နားမှုကို ပြသနေတာ ဖြစ်ပါတယ်။

ကမ်ပိန်းအောင်မြင်ဖို့အတွက် အနည်းဆုံး ကလေး ၉၀ ရာခိုင်နှုန်းကို ၄ ပတ်ခြား ၂ ကြိမ် ကာကွယ်ဆေးထိုးဖို့ လိုအပ်ပေမဲ့  ၁၁ လ နီးပါး စစ်ပွဲကြောင့် အကြီးအကျယ်ပျက်စီးခဲ့ရတဲ့ ဂါဇာမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ WHO အရာရှိတွေက ပြောပါတယ်။

ကုလသမဂ္ဂ ဦးဆောင်တဲ့ စက်တင်ဘာ ၁ ရက်မှာ လှုပ်ရှားမှု တရားဝင် မစတင်ခင်မှာ ပါလက်စတိုင်း ကျန်းမာရေးဝန်ထမ်းတွေဟာ ခန်ယိုးနစ်စ်မြို့ရှိ နက်ဆာ ဆေးရုံက ကလေးကုသဆောင်မှာ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။ 

WHO ဟာ ဂါဇာ အလယ်ပိုင်း၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ အဆင့် ၃ ဆင့်နဲ့ ကလေးပေါင်း ၆၄၀၀၀၀ လောက်ကို ကာကွယ်ဆေးထိုးပေးဖို့ ရည်မှန်းထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013