DVB Logo
Home
နိုင်ငံတကာ
အနက် ၂၆ ပေရှိ မြေကျွံပေါက်ထဲပြုတ်ကျသူ အိန္ဒိယအမျိုးသမီးကို ရှာဖွေဆဲဟု မလေးရှားပြော
DVB
·
August 31, 2024
အနက် ၂၆ ပေရှိ မြေကျွံပေါက်ထဲပြုတ်ကျသူ အိန္ဒိယအမျိုးသမီးကို ရှာဖွေဆဲဟု မလေးရှားပြော
Donate to DVB

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က မြေကျွံပေါက်ထဲကျခဲ့တဲ့ အိန္ဒိယအမျိုးသမီးတဦးကို ရှာဖွေနေဆဲဖြစ်ပြီး ရှာဖွေမှုက အရမ်းအန္တရာယ်များတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

အသက် ၄၈ နှစ်အရွယ်ရှိ အိန္ဒိယအမျိုးသမီးတိုးရစ် တဦးဟာ ဩဂုတ် ၂၃ ရက်နေ့မှာ မြေကျွံ ပေါက်ထဲ ပြုတ်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ကယ်ဆယ်ရေးသမား ၁၁၀ လောက်နဲ့ ရှာဖွေကယ်ဆယ်ဖို့လုပ်နေပါတယ်။ 

၁၇ နာရီရှာဖွေပြီးတဲ့နောက်မှာ ပြုတ်ကျသွားသူရဲ့ ဖိနပ် တဖက်ကို ရှာတွေ့ခဲ့တယ်လို့ဆို ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းမှာ ဒိုင်ဗင်သမား ၂ ဦးကို ရွေးချယ်ပြီး ရေဆိုးမြောင်းထဲက တဆင့် ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပေမဲ့ ရေစီးသန်မှုနဲ့ အမှိုက်သရိုက်တွေများမှုကြောင့် မလွယ်ကူဘူးလို့ မီးသတ်နဲ့ကယ်ဆယ်ရေးဌာနက ပြောပါတယ်။ 

မစ်ဂါလီဆိုတဲ့ အမျိုးသမီးဟာ အိန္ဒိယနိုင်ငံကနေ လာရောက်လည်ပတ်သူဖြစ်ပြီး မိသားစုနဲ့ အတူ ဘုရားကျောင်းအနီး လည်ပတ်နေစဉ် မြေကျွံမှုဖြစ်ပြီး ၂၆ ပေနက်တဲ့ မြေကျင်းထဲ ပြုတ်ကျခဲ့တာပါ။ 

မြေကျင်းမျက်နှာပြင်ကို တူးဆွခဲ့ပြီး အနံ့ခံခွေးတွေ၊ ကင်မရာကြိုးတွေ၊ ရိုဘော့ကင်မရာတွေ အသုံးပြုပြီး ပိုက်လိုင်းထဲမှာ စုံစမ်းမှုတွေလုပ်ခဲ့ပေမဲ့ ရှာမရဘဲ လက်ရှိအချိန်အထိ ပျောက်ဆုံးနေပါတယ်။ 

အဲ့ဒီနေရာဟာ ပုံမှန်အားဖြင့် ခရီးသည်တွေနဲ့ စည်ကားလေ့ရှိပေမဲ့ ဒီအဖြစ်အပျက်ဖြစ်ပြီးနောက် လူခြေတိတ်လျက်ရှိပါတယ်။ 

ပျောက်ဆုံးသူရဲ့ မိသားစုတွေကို လေးစားတဲ့အနေနဲ့ ကွာလာလမ်ပူမြိုမှာ အမျိုးသား နေ့အထိမ်းအမှတ်ပွဲပြုလုပ်ဖို့ စီစဉ်ထားမှုကို ဖျက်သိမ်းခဲ့ပါတယ်။ 

ဒီအဖြစ်အပျက်ကြောင့် မလေးရှားနိုင်ငံသား အများစုက ကြောက်ရွံ့မှုတွေ ရှိလာသလို ဒေါသ ဖြစ်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။ အများစုကတော့ မြေကျင်းကြီးကို ဘာ့ကြောင့် တူးထားလဲ ဆိုတာကို မေးခွန်းထုတ်နေကြပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013