DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်ရဲဌာနက  ၃ နှစ်အတွင်း အမှုပေါင်း ၅၀၀ ကျော်ကို  အရေးယူ
DVB
·
August 31, 2024
ကရင်နီပြည်ရဲဌာနက  ၃ နှစ်အတွင်း အမှုပေါင်း ၅၀၀ ကျော်ကို  အရေးယူ
Donate to DVB

ကရင်နီပြည်ရဲဌာန( KSP) အနေနဲ့  စတင်ဖွဲ့စည်းချိန်ကနေ အခု ၃ နှစ်ပြည့်တဲ့ကာလအတွင်း   အမှုပေါင်း ၅၀၀ ကျော်ကို အရေးယူနိုင်ခဲ့တယ်လို့ KSP ရဲမှူး ကိုဘိုဘိုက သြဂုတ်  ၃၀ ရက်က ပြောပါတယ်။

ရဲစခန်း ၁၄ ခု၊ လုံခြုံရေးရဲကင်း ၁၇ ခု၊ မြို့နယ်ရဲဌာနရုံး ၅ ခု ဖွင့်လှစ်ကာ ကျေးရွာပြည်သူလူထု၊ အဖွဲ့အစည်းတို့နဲ့ပူးပေါင်းပြီး လူထုအ​ခြေပြုရဲလုပ်ငန်းနဲ့ စစ်ကောင်စီနဲ့ပတ်သတ်တဲ့အမှု၊ လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ခိုးမှု၊ မူးယစ်ဆေးဝါးမှု၊ မူးယစ်ရမ်းကားမှု၊ အိမ်တွင်းအကြမ်းဖက်မှုစတဲ့ အမှုပေါင်း ၅၅၄ မှုကို အရေးယူဆောင်ရွက်ခဲ့ပြီး ရှောင်တခင်စစ်ဆေးတာ၊ အသိပညာပေး ဟောပြောတာတွေလည်း စီစဥ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကရင်နီပြည်ရဲဌာန ၃ နှစ်ပြည့်အထိမ်းအမှတ် ရဲစခန်းအသီးသီးကနေ အရေးယူဆောင်ရွက်ထားတဲ့ မူးယစ်ဆေးဝါးမှုတွေထဲက တရားစီရင်ချက်အမိန့်ချထားတဲ့ မူးယစ်ဆေးဝါးတွေကို   မီးရှို့ဖျက်ဆီး ပြခဲ့ပါတယ်။

ကရင်နီပြည်ရဲဌာန( KSP )ကို  ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ လမ်းညွှန်မှုနဲ့  ၂၀၂၁ ခုနှစ် ဩဂုတ်  ၂၅ ရက်မှာ စတင်ဖွဲ့စည်းခဲ့ကာ အခုနှစ်  သြဂုတ် ၂၅ ရက်မှာ  ၃ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ 

KSP ကို ဖွဲ့စည်းရတဲ့ရည်ရွယ်ချက်က ကရင်နီပြည်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် စွမ်းဆောင်ရည်ပြည်ဝတဲ့ ရဲဌာနအဖြစ်ရပ်တည်နိုင်ဖို့၊ လူထုအခြေပြုဝန်ဆောင်မှုတွေ ပြုလုပ်နိုင်ဖို့၊ ရာဇဝတ်မှုတွေကို ကြိုတင်ကာကွယ်ဖို့ ဖြစ်တယ်လို့ KSP ရဲမှူး ကိုဘိုဘိုက ပြောပါတယ်။

"ကျနော်တို့ ၃ နှစ်တာကာလအတွင်း လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူကို ခြုံငုံတင်ပြတာပါ။ ကျနော်တို့ရဲ့  ကရင်နီပြည် လူဦးရေအရဌာနမှာ အင်အား ၁၀၀၀ လောက် အထိ ဖြည့်တင်းဖို့ ရည်ရွယ်ထားပါတယ်။ ကျနော်တို့မှာ လိုအပ်ချက်တွေလည်း ရှိနေပါသေးတယ်။ အခက်အခဲတွေရောပေါ့။ အခက်အခဲတွေကြားက ဆောင်ရွက်နေပါတယ်။ အဓိကကတော့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပတ်သတ်တဲ့အမှုတွေ၊ မူးယစ်ဆေးဝါးမှုတွေနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်"

KSP ကို CDM ရဲတပ်ဖွဲ့ဝင်တွေနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး လူထုအကျိုးပြုလုပ်ငန်းတွေ ပိုမိုဆောင်ရွက်နိုင်ဖို့ အဖွဲ့ဝင်အသစ်တွေကို စုဆောင်းနေကာ ရဲသင်တန်းကျောင်းဖွင့်လှစ်တာ၊ နယ်မြေအလိုက် ရဲလုပ်ငန်းဆိုင်ရာရုံးတွေထားရှိတာ၊ စီမံခန့်ခွဲတာ၊ ရဲဥပဒေ နည်းဥပဒေတွေကို ပိုမိုကောင်းမွန်အောင် ပြုပြင်မွမ်းမံတာတွေလည်း ပြုလုပ်သွားဖို့ အစီအစဉ်တွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013