DVB Logo
Home
အားကစား
အာဆင်နယ်ကစားသမားသစ် မယ်ရီနို ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်တွင် ဒဏ်ရာရ
DVB
·
August 31, 2024
အာဆင်နယ်ကစားသမားသစ် မယ်ရီနို ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်တွင် ဒဏ်ရာရ
Donate to DVB

အာဆင်နယ်ကွင်းလယ်ကစားသမားသစ် မီခေးလ်မယ်ရီနိုဟာ အသင်းနဲ့ ပထမဆုံးလေ့ကျင့်ခန်း အစီအစဉ်မှာပဲ ပခုံးဒဏ်ရာရရှိသွားပါတယ်။

အာဆင်နယ်ဟာ ဩဂုတ် ၂၇ ရက်က စပိန်ကွင်းလယ်လူ မယ်ရီနိုကို ပေါင် ၃၁ သန်းကျော်နဲ့ ဆိုစီဒက်အသင်းဆီကနေ ခေါ်ယူခဲ့တာပါ။ 

မယ်ရီနိုဟာ သြဂုတ် ၂၉ ရက်က အသင်းနဲ့ ပထမဆုံး လေ့ကျင့်ခန်းပြုလုပ်ခဲ့ရာမှာ အသင်းဖော် ဂါဘရီယယ်နဲ့ ထိခိုက်မိခဲ့တာပါ။

ပခုံးမှာရှိတဲ့ အရိုးသေးတချောင်းကျိုးသွားခဲ့တာကြောင့် ရက်သတ္တပတ်အနည်းငယ် အနားယူရမယ် လို့ အာဆင်နယ်က ထုတ်ပြန်ပါတယ်။

နာကျင်မှုဝေဒနာ ခံစားခဲ့ရတာကြောင့် ဘယ်အချိန်အထိ အနားယူရမလဲဆိုတာ စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်သွားရမှာဖြစ်တယ်လိုလည်း  နည်းပြအာတီတာက ပြောသွားပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃ အဖြစ် သြဂုတ် ၃၁ ရက် ညနေ ၆ နာရီမှာ ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013