DVB Logo
Home
မြန်မာသတင်း
အိမ်သုံးမီတာနှင့် လုပ်ငန်းသုံးမီတာခများ  တိုးကောက်မည် 
DVB
·
August 30, 2024
အိမ်သုံးမီတာနှင့် လုပ်ငန်းသုံးမီတာခများ  တိုးကောက်မည် 
Donate to DVB

မြန်မာနိုင်ငံတဝန်း အိမ်သုံးမီတာနဲ့ လုပ်ငန်းသုံးမီတာခတွေကို စက်တင်ဘာ ၁ ရက်ကစပြီး  တိုးမြှင့် ကောက်ခံသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဩဂုတ် ၃၀ ရက်မှ ထုတ်ပြန် ပါတယ်။  

စက်တင်ဘာ ၁ ရက်ကစပြီး အိမ်သုံးမီတာအမျိုးအစားတွက် ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ မှ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်၊ ၂၀၁ ယူနစ် နှင့်အထက် ၃၀၀ ကျပ် အထိ သတ်မှတ်လိုက်ပါတယ်။

လုပ်ငန်းသုံးမီတာအမျိုးအစားအတွက်  ၁ ယူနစ်မှ ၅၀၀၀ ယူနစ်အထိ ၂၅၀ ကျပ်၊ ၅၀၀၁ ယူနစ်မှ ၂၀၀၀၀ ယူနစ်အထိ ၄၀၀ ကျပ်၊ ၂၀၀၀၁ ယူနစ်နှင့်အထက် ၅၀၀ ကျပ် သတ်မှတ်လိုက်တာပါ။

မီတာခများ တိုးမြှင့်ကောက်ခံတာနဲ့ပတ်သတ်ပြီး စက်မှုလုပ်ငန်းလုပ်ကိုင်သူ တဦးက "အရင်က ၂၀၀၀၁ ယူနစ်ကနေ စပြီး ၁၈၀ ပဲပေးရတာတောင် မီတာခအတော်ဆောင်ရတာ  အခု ၅၀၀ ဆိုတော့ သုံးဆနီးပါးလောက်တက်သွားပြီး  မီးသာပုံမှန်မလာတာ မီတာခဆောင်ရင်တော့ ယူနစ်ကအများကြီး သိန်းနဲ့ချီပြီးဆောင်ရတာ။ အခုမီတာခနဲ့ဆို လုပ်ငန်းလုပ်စားဖို့တောင် မကောင်းတော့ဘူး"လို့ ပြောပါတယ်။

အရင်က အိမ်သုံးမီတာသုံးစွဲသူတွေအနေနဲ့ ၁ ယူနစ်မှ ၃၀ ယူနစ်အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၇၅ ယူနစ်အထိ ၇၀ ကျပ်၊ ၇၆ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၉၀ ကျပ်၊ ၁၀၁ ယူစနစ်မှ ၁၅၀ ယူနစ်အထိ ၁၁၀ ကျပ်သာ ကောက်ခဲ့တာဖြစ်ပါတယ်။

လုပ်ငန်းသုံးမီတာသုံးစွဲသူတွေအနေနဲ ၁ ယူနစ် မှ ၅၀၀ ယူနစ်အထိ ၁၂၅ ကျပ် ၂၀၀၀၁ ယူနစ်နဲ့အထက် ၁ ယူနစ်ကို ၁၈၀ သာ ပေးဆောင်ရတာဖြစ်ပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ မီတာခ ပြင်ဆင်သတ်မှတ်ရေးတင်ပြချက်အပေါ် ဇူလိုင် ၅ ရက်ကလုပ်တဲ့  ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ် (၅/၂၀၂၄)မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013