DVB Logo
Home
နိုင်ငံတကာ
ကိယက်ဗ်ကို ရုရှားက ဒုံးကျည်များ ပစ်ခတ်၊ ပြည်သူများ မြေအောက်ရထားဘူတာတွင် ခိုလှုံ
DVB
·
August 27, 2024
ကိယက်ဗ်ကို ရုရှားက ဒုံးကျည်များ ပစ်ခတ်၊ ပြည်သူများ မြေအောက်ရထားဘူတာတွင် ခိုလှုံ
Donate to DVB

ရုရှားက ယူကရိန်းကို ဒရုန်းနဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ မြို့တော်ကိယက်ဗ်က မြို့ခံ ထောင်ပေါင်းများစွာဟာ မြေအောက်ဘူတာရုံတွေဆီမှာ ဩဂုတ် ၂၆ ရက်က စုပြုံ ပုန်းအောင်းနေရပါတယ်။

အစောပိုင်းက မောင်းသူမဲ့ယာဉ်တွေနဲ့ အကြီးအကျယ် တိုက်ခိုက်ခံရအပြီး ရုရှားက ဒုံးကျည်တွေ၊ ဒရုန်းယာဉ်တွေနဲ့ အကြီးအကျယ် တိုက်မယ်လို့ ယူကရိန်းစစ်တပ်က သတိပေးထားပြီးသားပါ။

မနက်ခင်း ရုံးနဲ့ ကျောင်းတက်ချိန်အတွင်း ကိယက်ဗ်မြို့လယ်မှာ ပေါက်ကွဲသံတွေ ဆူညံနေခဲ့ပါတယ်။

ရုရှားလေတပ်က TU-95 ဗျူဟာမြောက် ဗုံးကြဲလေယာဉ် ၁၁ စင်းနဲ့ ဒုံးကျည်အများအပြား ပစ်လွှတ်ခဲ့တယ်လို့ စစ်တပ်က ယူကရိန်းနိုင်ငံသားတွေကို အတည်ပြု ပြောဆိုပါတယ်။

ယူကရိန်းမြို့တော် အပြင်ဘက်မှာ ပစ်မှတ်တွေကို လေကြောင်းရန်ကာကွယ်ရေးတပ်က ပစ်ချနေတဲ့ အသံတွေကို ရိုက်တာသတင်းထောက်တွေက ကြားနေရတယ်လို့ ဆိုပါတယ်။

ရုရှားဟာ တနင်္လာနေ့ အစောပိုင်းမှာ ဒရုန်းတွေနဲ့ တလှိုင်းပြီးတလှိုင်း ၂ ကြိမ် တိုက်ခိုက်ခဲ့ပေမဲ့ ကနဦးသတင်းတွေအရ ထိခိုက်ပျက်စီးမှု ဒါမှမဟုတ် အသေအပျောက် မရှိဘူးလို့  ယူကရိန်းစစ်တပ်က ဖော်ပြခဲ့ပါတယ်။

ကိယက်ဗ်မြို့တော်အနီးက မြို့ဆီ ချဉ်းကပ်ပျံသန်းလာတဲ့ မောင်းသူမဲ့လေယာဉ် ၁၀ စင်းအထိ ဖျက်ဆီးခဲ့တယ်လို့ ယူကရိန်းအစိုးရ စစ်အုပ်ချုပ်ရေးအကြီးအကဲ ဆာဟီးလ် ပေါ့ပ်ကိုက တယ်လီဂရမ် အပလီကေးရှင်းပေါ်ကနေ ပြောပေမဲ့ ရုရှားဘက်ကတော့ ချက်ချင်း မှတ်ချက်မပေးသေးပါဘူး။

ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံစလုံးက အရပ်သားတွေကို ပစ်မှတ်မထားဘူးလို့ ပြောရင်း စွဲချက်တွေကို ငြင်းဆိုထားပြီး တိုက်ခိုက်မှုတွေဟာ စစ်ပွဲအတွက် ရန်သူရဲ့ အဓိကကျတဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးဖို့ ရည်ရွယ်ထားတယ်လို့ အသီးသီး ပြောခဲ့ကြပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013