DVB Logo
Home
မြန်မာသတင်း
အချိန်ကျော်လွန်စေခိုင်းသည့် အထည်ချုပ်စက်ရုံပိုင်ရှင်နှင့် မန်နေဂျာတို့ကို ဒဏ်ရိုက်
DVB
·
August 24, 2024
အချိန်ကျော်လွန်စေခိုင်းသည့် အထည်ချုပ်စက်ရုံပိုင်ရှင်နှင့် မန်နေဂျာတို့ကို ဒဏ်ရိုက်
Donate to DVB

ခွင့်​ပြုအချိန်ပိုထက် ကျော်လွန်စေခိုင်းတဲ့ Golden Colour Fashion Myanmar စက်ရုံပိုင်ရှင်နဲ့ မန်နေဂျာဖြစ်သူတို့ကို ငွေဒဏ် ကျပ်သိန်း ၂၀ စီ ဒဏ်ငွေပေးဆောင်ဖို့ အင်းစိန်မြို့နယ် တရားရုံးက အမိန့်ချလိုက်ကြောင်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်း၊ အင်းစိန်ခရိုင်၊ ရွှေပြည်သာစက်မှုဇုန် ၃ မှာ ဖွင့်ထားတဲ့ တရုတ်နိုင်ငံသား Mr. LEIPEI JUN ပိုင် Golden Colour Fashion Myanmar အထည်ချုပ်စက်ရုံဟာ ဇူလိုင် ၁၂ ရက်နဲ့ ၈ ရက်တို့မှာ အလုပ်သမားတွေကို  ခွင့်ပြုထားတဲ့ အချိန်ပိုနာရီထက် ပိုမိုလုပ်ကိုင်​စေတာ၊ သာမန်အလုပ်ချိန်ပြီးဆုံးလို့ အချိန်ပိုလုပ်ကိုင်ရာမှာ အလုပ်သမားတွေကို မိနစ် ၃၀ အနားမပေးဘဲ ၅ နာရီထက်ပိုပြီး တဆက်တည်း ခိုင်းစေတာနဲ့ စစ်ဆေးရေးအရာရှိရဲ့ ညွှန်ကြားချက်ကို လိုက်နာမှုမရှိတာ​တွေကြောင့် သြဂုတ် ၁၄ ရက်မှာ အင်းစိန်ခရိုင်ရုံးက ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်စိုးက နိုင်ငံတော်ကိုယ်စား တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့တာလို့ ဆိုပါတယ်။

ခရိုင်ဦးစီးအရာရှိက စက်ရုံပိုင်ရှင် Mr. LEIPEI JUN နဲ့ မန်နေဂျာ ဒေါ်မြတ်ဆုမွန် တို့ကို ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေပုဒ်မ ၈၅ အရ တရားစွဲဆိုခွင့်ပြုဖို့ အင်းစိန်မြို့နယ်တရားရုံးကို လျှောက်ထားခဲ့ရာ တရားရုံးက ရာဇဝတ်ကြီးမှုအမှတ် ၇၉၂/၂၀၂၄ နဲ့ အမှုလက်ခံခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲဒီအမှုနဲ့ပတ်သက်လို့ သြဂုတ် ၂၁ ရက်မှာ ရုံးချိန်း ချိန်းဆိုခဲ့ပြီး အဲဒီရုံးချိန်းမှာ အမှုစစ်ဆေးခဲ့ရာ တရားခံတွေက အပြစ်ရှိကြောင်း ဝန်ခံခဲ့တဲ့အတွက် မြို့နယ်တရားသူကြီးက ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေပုဒ်မ ၈၅ အရ စက်ရုံပိုင်ရှင်နဲ့ မန်နေဂျာတို့ကို  ငွေဒဏ် ကျပ်သိန်း ၂၀ စီ၊ ကျပ်သိန်း ၄၀ ပေးဆောင်စေခဲ့ပြီး ငွေဒဏ်မဆောင်ပါက ထောင်ဒဏ် ၁၅ ရက်စီ ကျခံစေလို့ အမိန့်ချမှတ်ခဲ့တဲ့အပေါ် ပိုင်ရှင်နဲ့ မန်နေဂျာတို့က ငွေဒဏ်ပေးဆောင်ခဲ့တယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။

အဲဒီ Golden Colour Fashion Myanmar စက်ရုံမှာ အလုပ်သမား ၁,၀၀၀ ကျော်နဲ့ လည်ပတ်နေတာဖြစ်ပြီး အချိန်ပို အဆမတန်စေခိုင်းတာ၊ လုပ်ခခေါင်းပုံဖြတ်တာ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်တာတွေနဲ့ ပတ်သက်လို့ မကြာခဏ ပြဿနာဖြစ်လေ့ရှိတယ်လို့ လုပ်သားဟောင်းတချို့က ဆိုပါတယ်။

လုပ်သားဟောင်းတယောက်က “လုပ်ခတွေ မတရားဖြတ်လို့ စက်ရုံတွင်း ဆန္ဒပြရတဲ့အထိ အဲဒီစက်ရုံမှာ ဖြစ်ခဲ့ဖူးတယ်။ ပြဿနာ ခဏခဏတက်တယ်။ အခု တရားရုံးကချတဲ့ ပြစ်ဒဏ်က အလုပ်ရှင်အတွက် ပြောပလောက်တဲ့ ပမာဏမဟုတ်ဘူး။ အလုပ်သမားတွေရဲ့ နစ်နာခဲ့ရမှုနဲ့ယှဥ်ရင် နည်းလွန်းတယ်” လို့ ပြောပါတယ်။

အခုလို စည်းကမ်းချိုးဖောက်တဲ့ စက်ရုံပိုင်ရှင်ကို အလုပ်သမားရုံးက တရားစွဲပြီး တရားရုံးက ပြစ်ဒဏ်ချတာဟာ အာဏာသိမ်းကာလအတွင်း ပထမဆုံး ကြားဖူးတာဖြစ်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတချို့က ဆိုပါတယ်။

အာဏာသိမ်းကာလမှာ အလုပ်သမားရုံး အများစုက အလုပ်သမားကိုပဲ တရားစွဲဆိုခွင့်စာ ထုတ်ပေးပြီး စွဲဆိုတဲ့အမှုတွေ အနေနဲ့လည်း နှစ်ချီ အချိန်ကြန့်ကြာတာတွေ ရှိနေတယ်လို့ သူတို့ကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013