DVB Logo
Home
မြန်မာသတင်း
ဖူးကက်တွင် မြေပြိုပြီး မြန်မာအမျိုးသမီး ၂ ဦးသေဆုံး၊ ၇ ဦး ပျောက်ဆုံး
DVB
·
August 23, 2024
ဖူးကက်တွင် မြေပြိုပြီး မြန်မာအမျိုးသမီး ၂ ဦးသေဆုံး၊ ၇ ဦး ပျောက်ဆုံး
Donate to DVB

ထိုင်းတောင်ပိုင်း၊ ဖူးကက်မြို့ထဲမှာ ဩဂုတ် ၂၃ ရက် ဒီနေ့မနက်စောစောက မြေပြိုပြီး မြန်မာအမျိုးသမီး ၂ ယောက်သေဆုံး  ၃- ၄ ယောက် ဒဏ်ရာရကာ ၇ ယောက် ပျောက်ဆုံးနေတယ်လို့  မတ်တီချွန်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဒီမနက် ၇ နာရီလောက်က ဖူးကက်မြို့ ကရွန်ရပ်ကွက် ပဒတ် - ၂ လမ်းရှိ အပန်းဖြေ villa အိမ်ရာမှာ မြေပြိုမှုဖြစ်ပွားကြောင်း သတင်းပေးချက်ရတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ အခင်းဖြစ်တဲ့နေရာ သွားရောက်စစ်ဆေးခဲ့တယ်လို့  ကရွန်နယ်မြေရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ အပန်းဖြေ ဇိမ်ခံတိုက်ကြီးတလုံးနဲ့ အနောက်က အလုပ်သမား တန်းလျားတွေဖြစ်ပြီး တောင်စောင်းမှာ တည်ဆောက်ထားကြောင်း၊ တောင်စောင်းက မြေတွေဟာ အဆိုပါအိမ်တွေပေါ် ပြိုကျလာတာလို့ ဆိုပါတယ်။

အခင်းဖြစ်တဲ့နေရာက အမျိုးသမီးတယောက် ပြောပြချက်အရ မနေ့ညက မိုးအရမ်းရွာပြီး ဒီနေ့မနက်စောစော အိပ်ယာမထခင် မနက် ၅ နာရီလောက်မှာ ကျယ်လောင်တဲ့ အသံတွေနဲ့အတူ တစုံတရာ ခေါင်မိုးပေါ်ကျလာတယ်၊ ပြီး‌တော့ ခေါင်မိုးပေါက်က ရွှံ့ရည်တွေပါ စီးကျလာတယ်၊ ဒါကြောင့် အပြင်ထွက်ပြီး ဘေးလွတ်ရာ ပြေးထွက်ရာမှာ တောင်ပေါ်ကမြေကြီးတွေ ပြိုကျလာတာ တွေ့ရတယ်၊ သူမသာ အချိန်မီမပြေးနိုင်ရင် မြေကြီးအောက်မှာ သေနေပြီလို့ ပြောပါတယ်။

တာဝန်ရှိသူနဲ့ ကယ်ဆယ်ရေးအဖွဲ့က မြေပြိုမှုနဲ့ အပျက်အစီးပုံကြား လူတွေလိုက်ရှာတာမှာ သေဆုံးသူ ၂ ယောက်နဲ့ ဒဏ်ရာရသူ ၃-၄ ယောက်တွေ့ပြီး ချလောင်ဆေးရုံ ပို့ထားတယ်၊ သေဆုံးသူ ၂ ယောက်မှာ အဲဒီမှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီး ၂ ယောက်လို့ ဆိုပါတယ်။

ဒါ့အပြင် ပျောက်ဆုံးနေသူ ၇ ယောက်ရှိပြီး အဲဒီထဲမှာ ရုရှားနိုင်ငံသား ဇနီးမောင်နှံလည်း ပါရှိကြောင်း၊ အပျက်အစီးပုံထဲမှာ သူတို့ဓာတ်ပုံတွေပဲတွေ့ပြီး လူကိုတော့ မတွေ့သေးဘူးလို့ ဆိုပါတယ်။

Amarin TV က မြေပြိုနောက်ဆက်တွဲ သတင်းမှာတော့ ဒီနေ့ညနေပိုင်းမှာ ပျောက်ဆုံးသူ ၇ ယောက်ထဲက ၅ ယောက်အလောင်းတွေ့ရှိပြီး ၂ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်၊ ဘယ်သူဘယ်ဝါ အတည်ပြုလို့မရသေး၊ ဒီမြေပြိုမှုမှာ နေအိမ် ၄ လုံး ပျက်စီးတယ်လို့ ဖော်ပြသွားပါတယ်။

Source- Matichon / Workpoint news / Amarintv news 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013