DVB Logo
Home
နိုင်ငံတကာ
ဒီမိုကရက်တစ်ပါတီ ညီလာခံတွင် သမ္မတဘိုင်ဒင် နှုတ်ဆက်မိန့်ခွန်းပြော
DVB
·
August 20, 2024
ဒီမိုကရက်တစ်ပါတီ ညီလာခံတွင် သမ္မတဘိုင်ဒင် နှုတ်ဆက်မိန့်ခွန်းပြော
Donate to DVB

ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာညီလာခံမှာ မိန့်ခွန်းပြောခဲ့တဲ့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်ကို ပရိသတ်က “ငါတို့တိုက်ရင်၊ ငါတို့နိုင်တယ်”၊ “ကျေးဇူးပဲ ဂျိုးရေ” စသဖြင့် ကြွေးကြော် နှုတ်ဆက်ခဲ့ပါတယ်။

ဩဂုတ် ၁၉ ရက် ညပိုင်း ညီလာခံအဖွင့်မှာ ဘိုင်ဒင် စင်ပေါ်ကိုတက်လာဖို့ သမီးဖြစ်သူ အက်ရှ်လေက ဖိတ်ခေါ်ခဲ့ချိန်မှာ ဘိုင်ဒင် မျက်ရည်ဝဲခဲ့ပါတယ်။

ရှည်လျားပြီး ခံစားချက်နဲ့ ပြောသွားတဲ့ မိန့်ခွန်းမှာ သူ့ဆောင်ရွက်ချက်တွေကို ခုခံပြောကြားခဲ့သလို သမ္မတလောင်း ကမ္မလာ ဟားရစ်ကိုလည်း ချီးကျူးခဲ့ပါတယ်။

“အမေရိကအတွက် သူ အကောင်းဆုံးလုပ်ပေးခဲ့ပြီးပြီ” လို့ ဘိုင်ဒင်က နိဂုံးချုပ်ခဲ့ပါတယ်။ ဒီမိုကရက်တွေဟာ အမေရိကရဲ့ ဒီမိုကရေစီအတွက် ထရမ့်ပ်နဲ့ ယှဉ်ပြိုင်တိုက်ပွဲဝင်ရမယ်လို့ ဘိုင်ဒင်က ပြောသွားပါတယ်။

ညီလာခံကို ပစ်မှတ်ထားတဲ့ ဂါဇာစစ်ပွဲဆန့်ကျင်ရေး ဆန္ဒပြသူတွေကိုလည်း ဘိုင်ဒင်က အသိအမှတ်ပြုခဲ့ပြီး နှစ်ဖက်စလုံးမှာ လူတွေအများကြီး သေခဲ့ရပြီးပြီလို့ ပြောသွားပါတယ်။

ညီလာခံမစခင်မှာ ကျင်းပရာနေရာနားက ရှီကာဂိုမြို့လမ်းမတွေမှာ ပါလက်စတိုင်းအရေး ဆန္ဒပြသူ ထောင်ချီ စုရုံးခဲ့ကြပါတယ်။

အစဉ်အလာအားဖြင့် ညီလာခံနောက်ဆုံးနေ့မှ မိန့်ခွန်းပြောရမှာဖြစ်တဲ့ ပါတီသမ္မတလောင်း ကမ္မလာ ဟားရစ်က စင်ပေါ်ခဏတက်လာခဲ့ပြီး မိန့်ခွန်းတို ပြောသွားခဲ့ပါတယ်။

၂၀၁၆ တုန်းက ထရမ့်ပ်ကို အရေးနိမ့်ခဲ့တဲ့ ဟီလာရီကလင်တန်လည်း  မိန့်ခွန်းတက် ပြောခဲ့ပါတယ်။

အမျိုးသမီးတွေ အမေရိကန်မှာ သမ္မတမဖြစ်နိုင်ဘူးဆိုတဲ့ အတားအဆီးကို ချိုးဖျက်ကြဖို့၊ သူ့တုန်းက မအောင်မြင်ခဲ့တဲ့ ကြိုးပမ်းမှု တကယ်ဖြစ်လာစေရေး ဟားရစ်ကို ဝန်းရံကြဖို့ ဟီလာရီက တိုက်တွန်းခဲ့ပါတယ်။

စစ်တမ်းတွေအရ ဘိုင်ဒင် ဝင်မပြိုင်တော့ဘဲ နုတ်ထွက်ပေးခဲ့အပြီးမှာ ဟားရစ်အပေါ် လူထုထောက်ခံမှု တဟုန်ထိုးတက်လာခဲ့ပြီး ထရမ့်ပ်နဲ့ အပြိုင်ဖြစ်နေပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013