DVB Logo
Home
အားကစား
ကစားသမားသစ်ထပ်ခေါ်ရန်မရှိဟု ရီးရဲလ်နည်းပြ အတည်ပြု
DVB
·
August 19, 2024
ကစားသမားသစ်ထပ်ခေါ်ရန်မရှိဟု ရီးရဲလ်နည်းပြ အတည်ပြု
Donate to DVB

ကစားသမားသစ် ထပ်မံခေါ်ယူဖို့ မရှိတော့ဘူးလို့ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ချလော့တီက အတည်ပြုသွားပါတယ်။

မက်ဒရစ်ကလပ်ဟာ အခုနှစ် နွေရာသီအပြောင်းအရွှေ့မှာ တိုက်စစ်မှူး အမ်ဘာပေနဲ့ လူငယ်ကြယ်ပွင့် အန်းဒရစ်တို့နှစ်ဦးသာ ခေါ်ယူခဲ့တာပါ။ 

အသင်းခေါင်းဆောင် နာချို ဖာနန်ဒက်စ် ထွက်ခွါသွားတာနဲ့အတူ ဒေးဗစ်အလာဘာဟာလည်း ဒဏ်ရာကနေ သက်သာလာခြင်းမရှိသေးပေမဲ့ နောက်ခံလူသစ် ခေါ်ယူဖို့ မရှိတော့ကြောင်း နည်းပြ အန်ချလော့တီက ပြောပါတယ်။

အလားတူ ကွင်းလယ်ကစားသမား တိုနီခရူးစ်ဟာလည်း ကစားသမားဘဝကနေ အနားယူသွားပေမဲ့ ကစားသမားသစ် ထပ်ခေါ်မှာမဟုတ်တော့ဘဲ စာရင်းပိတ်လိုက်ပြီဖြစ်ကြောင်း အန်ချလော့တီကအတည်ပြုခဲ့တာပါ။

လိုအပ်လာမယ်ဆိုရင်လည်း လူငယ်အကယ်ဒမီအသင်းက ကစားသမားတွေကို ခေါ်ယူအသုံးပြုသွားမယ်လို့  နည်းပြအန်ချလော့တီက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013