DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီဈေးကြောင့် ရေးမြို့နယ်တွင် မီတာ ၁ ယူနစ် ကျပ် ၂,၁၀၀ ကောက်ခံမည်
DVB
·
August 17, 2024
စက်သုံးဆီဈေးကြောင့် ရေးမြို့နယ်တွင် မီတာ ၁ ယူနစ် ကျပ် ၂,၁၀၀ ကောက်ခံမည်
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ လာမယ့်လကစတင်ပြီး မီတာခကို တယူနစ် ကျပ် ၂,၁၀၀ ကောက်ခံသွားမယ်လို့ မီးလင်းရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။

ကော်မတီနဲ့ နီးစပ်သူတယောက်က “အခုလို စက်သုံးလောင်စာဆီတွေဝယ်ယူရာမှာ စျေးတက်သွားလို့ အခု သြဂုတ်လက သုံးစွဲထားတဲ့ဓာတ်အားခကို နောက်လာမယ့် စက်တင်ဘာလမှာ ယခင်တယူနစ်ကျပ် ၂,၀၀၀ ကနေ အခု တယူနစ်ကျပ် ၂,၁၀၀ ပေးဆောင်ရမယ်” လို့ ပြောပါတယ်။

စက်သုံးဆီဝယ်ယူရရှိတဲ့အခြေအနေပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲရှိခဲ့ရင်လည်း ဆက်ပြီး အသိပေးသွားမယ်လို့ မီးလင်းရေး ကုမ္ပဏီတခုက ထုတ်ပြန်ထားပါတယ်။

မြို့ခံတယောက်က “မီတာခက အခုလို စက်သုံးဆီစျေးတက်တာ အကြောင်းပြချက်တခုလောက်နဲ့ မတက်စေချင်ပါဘူး။ ပြည်သူတွေက အစစအရာရာ အကြပ်အတည်းကာလမှာ သက်သာတဲ့စျေးနဲ့သာ ယူသင့်တယ်” လို့ ပြောပါတယ်။

တပိုင်တနိုင်အိမ်တွင်းမှုလုပ်ငန်းလုပ်ကိုင်နေသူတယောက်ကလည်း အရင်ကတည်းက  မီတာခ တလကို ကျပ်သိန်း ဆယ်ဂဏန်းပေးနေခဲ့ရပြီး လုပ်ငန်းကိုလည်း ရပ်ထားလို့ မဖြစ်တာကြောင့် အခုလို ဈေးထပ်တက်တဲ့အတွက် အခက်အခဲတွေ ထပ်ကြုံရမယ်လို့ ပြောပါတယ်။

လက်ရှိမှာ ရေးမြို့နယ်က မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၁၁ ရွာကို ပုဂ္ဂလိက မီးလင်းရေး မြတ်သူရကုမ္ပဏီ၊ ရေးမြောက်ပိုင်း လမိုင်းမြို့နဲ့ ကျေးရွာတွေကို SMD မီးလင်းရေးကုမ္ပဏီတို့က လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013