DVB Logo
Home
နိုင်ငံတကာ
သီရိလင်္ကာ သမ္မတရွေးကောက်ပွဲတွင် စံချိန်တင်ကိုယ်စားလှယ် ၃၉ ဦး ဝင်ပြိုင်မည်
DVB
·
August 16, 2024
သီရိလင်္ကာ သမ္မတရွေးကောက်ပွဲတွင် စံချိန်တင်ကိုယ်စားလှယ် ၃၉ ဦး ဝင်ပြိုင်မည်
Donate to DVB

စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၃၉ ဦးအထိ စံချိန်တင် ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။

လာမယ့် စက်တင်ဘာ ၂၁ ရက် ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ရာနေးလ် ဝစ်ကရာမန်ဆင်းဂ် အပါအဝင် ဝင်ရောက်ယှဉ်ပြိုင်မယ့်သူ ၃၉ ဦးရဲ့ လျှောက်လွှာတွေကို လက်ခံရရှိထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်က အတည်ပြုပါတယ်။

နောက်ဆုံးမဲပေးခဲ့ကြတဲ့ ၂၀၁၉ ရွေးကောက်ပွဲမှာတောင် သမ္မတလောင်း ၃၅ ဦးသာ ရှိတယ်လို့လည်း ဆိုပါတယ်။

၂၀၂၂ ခုနှစ်တုန်းက ဘဏ္ဍာရေးကပ်ဆိုက်ကာလမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပြီး သမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပက်ခ်ဆာကို ပြုတ်ကျစေခဲ့တာကြောင့် ဒီနိုင်ငံစီးပွားရေးဟာ အဓိကဖြေရှင်းရမယ့် ပြဿနာအဖြစ် ရှိနေပါသေးတယ်။

နောက်ထပ် သမ္မတဟောင်းတဦးဖြစ်တဲ့ ဂိုတာဘာယာရဲ့ အစ်ကိုဖြစ်သူ မဟင်ဒါ ရာဂျာပက်ခ်ဆာ ကလည်း သားဖြစ်သူကို ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားဖို့ ထောက်ခံထားပါတယ်။

ဒီတောင်အာရှနိုင်ငံမှာ ရာဂျာပက်ခ်ဆာ မိသားစုဟာ ဩဇာကြီးမားတဲ့အလျောက် အသက် ၃၇ နှစ်အရွယ် လွှတ်တော်အမတ်ဖြစ်သူ နာမယ်လ် ရာဂျာပက်ခ်ဆာ အနေနဲ့လည်း ဝင်ရောက်အရွေးခံမှာ ဖြစ်ပါတယ်။

သီရိလင်္ကာ သမ္မတရာထူးအတွက် စံချိန်တင်လျှောက်ထားမှုမှာ ဘုန်းကြီး ၂ ပါးလည်း ပါဝင်လာခဲ့ပြီး တပါးက ဆေးခြောက်ကို တရားခွင့်ပြုပေးမှာ ဖြစ်တဲ့အပြင် ကိုယ်ဝန်တားဆေးကိုပါ တားမြစ်သွားမယ်လို့ ကြွေးကြော်ထားပါတယ်။

ဒီတခေါက် ရွေးကောက်ပွဲမှာ လူဦးရေ ၁၇ သန်းကျော် မဲပေးခွင့်ရှိနေပြီး တရက်အတွင်း ဆန္ဒမဲရလဒ်တွေ ထွက်ပေါ်တတ်သလို အနိုင်ရသူဟာလည်း သမ္မတသစ်အဖြစ် ၂ ပတ်မပြည့်ခင် ကျမ်းကျိန်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က သီရိလင်္ကာနိုင်ငံရဲ့ စီးပွားရေးကို ပြိုလဲမသွားအောင် ကျားကန်ပေးထားထာဖြစ်ပြီး IMF ရဲ့ ကြွေးမြီပြန်ဆပ်နိုင်ရေးနဲ့ ဘဏ္ဍာရေးပြုပြင်ပြောင်းလဲမှု အစီအစဉ်အောက်မှာ ရှိနေပါတယ်။

အိန္ဒိယ၊ ဂျပန်နဲ့ ပြင်သစ်လိုမျိုး ကြွေးရှင်နိုင်ငံတွေကတော့ ဒီကျွန်းနိုင်ငံရဲ့  အကြွေးပြန်ဆပ်ရမယ့် အချိန်ကို ၂၀၂၈ ခုနှစ် မတိုင်ခင်အထိ ရွှေ့ဆိုင်းပေးထားဖို့ သဘောတူညီခဲ့ကြပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013