DVB Logo
Home
မြန်မာသတင်း
အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ ဒုတိယမူကြမ်း NLD ရေးဆွဲထား 
DVB
·
August 9, 2024
အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ ဒုတိယမူကြမ်း NLD ရေးဆွဲထား 
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ရေးဆွဲထားပြီးဖြစ်တဲ့ အသွင်ကူးပြောင်းရေးကာလ မှာကျင့်သုံးသင့်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း)ကို ပြီးခဲ့တဲ့ ရက်ပိုင်းက  ပါတီဗဟိုကော်မတီဝင်တွေနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကလွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြပြီး သူတို့တွေဆီကနေ အကြံပြုချက်တွေကို ရယူထားပြီးဖြစ်တယ်လို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူက DVB ကို ပြောပါတယ်။

အဲဒီအကြံပြုချက်တွေကို ပါတီကတာဝန်ပေးထားတဲ့  အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံ အခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မတီက ပြန်လည်သုံးသပ်ပြီးသွားတဲ့အခါမှာ အဲဒီမူကြမ်းဟာ တတိယမူကြမ်းဖြစ်လာမှာဖြစ်သလို NLD ရဲ့ ကြားကာလ စတုတ္ထအကြိမ်အစည်းအဝေးမှာ တင်သွင်းပြီး မှတ်တမ်းတင်ထားမယ်လို့  ဆိုပါတယ်။

အခုရေးဆွဲထားတဲ့ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေကို ပါတီရဲ့ မူဝါဒတွေ မိတ်ဖက်နိုင်ငံရေး ပါတီတွေနဲ့ အင်အားစုအသီးသီးရဲ့ နိုင်ငံရေးဆိုင်ရာမူဝါဒတွေ ထုတ်ပြန်ချက်စာတန်းတွေနဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအတွက် သီအိုရီအရ ကိုးကားသင့်တဲ့ စာရွက်စာတမ်းတွေ ပေါ်မှာ အခြေခံရေးဆွဲထားပေမဲ့ တိုင်းရင်းသားတွေရဲ့ နယ်မြေသတ်မှတ်မှုတွေကိုတော့ ထည့်သွင်းရေးဆွဲထားခြင်းမရှိဘူးလို့ NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဦးကျော်ထွေးက ပြောပါတယ်။

လက်ရှိအချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု အတွက် လိုအပ်မယ်လို့ထင်မြင်မိတဲ့အချက်တွေ ပြည်သူတွေကလိုချင်မယ်လို့ ယူဆတဲ့ အချက်အလက်တွေကို ထည့်သွင်းရေးဆွဲထားတာဖြစ်ပြီး ကြားကာလအလွန် အသွင်ကူးပြောင်းရေးကာလကို ရောက်လာတဲ့အခါမှာ သက်ဆိုင်ရာ နိုင်ငံရေးအင်အားစု အသီးသီးပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကနေရလာတဲ့အချက်တွေနဲ့ ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကသာ အားလုံးလိုက်နာကျင့်သုံးရမှာဖြစ်တယ်လို့ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ အာဏာရှင်စနစ်အလွန် အသွင်ကူးပြောင်းရေး ကာလဟာ နိုင်ငံရေးအင်အားစုတွေကြားမှာ ဘုံသဘောတူညီမှုမရနိုင်ဘူးဆိုရင် မြန်မာနိုင်ငံရဲ့ နယ်နိမိတ်ဟာ ခွဲထွက်လာနိုင်တဲ့အခြေအနေထိ ရောက်သွားနိုင်ပြီး တိုင်းရင်းပြည်တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာလည်း လစ်ဟာ သွားနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

NLD ပါတီအနေနဲ့လည်း အသွင်းကူးပြောင်းရေးကာလကို ရောက်တဲ့အခါမှာ နယ်မြေပိုင်းခြား သတ်မှတ်ရေးကို မဆွေးနွေးဘဲ ဖြတ်သန်းလို့မရဘူးလို့ ယူဆထားတဲ့အတွက်ကြောင့် ဒါကို သက်ဆိုင်ရာအင်အားစုအသီးသီးက အကျေအလည်ဆွေးနွေးကြဖို့လို တယ်လို့ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို ဆက်လက်ကိုင်ဆွဲထားပြီး အခြေခံဥပဒေထဲက တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ကန့်သတ်ထားတဲ့ အချက်တွေကို ဖယ်ပြီး ပြန်လည်ပြင်ဆင်ဖို့ လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကို အောင်မြင်အောင်ကျင်းပနိုင်အောင် ကူညီပေးဖို့ တောင်းဆိုထားသလို နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တချို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲတွေကို ဆောင်ရွက်နေပါတယ်။ 

အောင်သူ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013