DVB Logo
Home
မြန်မာသတင်း
ထိုင်းစစ်တပ်နှင့် မူးယစ်ဆေးသယ်အဖွဲ့ ပစ်ခတ်၊ စိတ်ကြွဆေး ၁ သိန်းကျော်ဖမ်းမိ 
DVB
·
August 8, 2024
ထိုင်းစစ်တပ်နှင့် မူးယစ်ဆေးသယ်အဖွဲ့ ပစ်ခတ်၊ စိတ်ကြွဆေး ၁ သိန်းကျော်ဖမ်းမိ 
Donate to DVB

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ဖှန်မြို့နယ်ရှိ မြန်မာနယ်စပ်အနီးမှာ ဩဂုတ် ၇ ရက်က မူးယစ်ဆေးဝါးသယ်ဆောင်တဲ့အဖွဲ့နဲ့ ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး  စိတ်ကြွဆေးပြား ၁၃၀, ၀၀၀ ဖမ်းဆီးရမိတယ်လို့ Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

နယ်မြေထဲမှာ အိမ်နီးချင်း မြန်မာဘက်ခြမ်းကနေ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာဖို့ရှိကြောင်း ကြိုတင်သတင်းပေးချက်ရတာကြောင့် ထိုင်းကွန်မန်ဒိုစစ်တပ် အမှတ် ၄ နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး နယ်စပ်တလျှောက် နယ် လှည့်စစ်ဆးခဲ့တယ်လို့ ဆိုပါတယ်။ 

မနက် ၁၀ နာရီဝန်းကျင်မှာ ဖှန်မြို့နယ် မွမ့်ပင်ကျေးရွာအုပ်စု နောင်တောဝ်ကျေးရွာအနီး ဟိုလွန့်တောင်ပေါ်ကနေ ကျောပိုးအိတ်ကိုယ်စီနဲ့ ဆင်းလာတဲ့ အမျိုးသား ၂ ဦး၊ ၃ ဦးခန့်ကို တွေ့ရတယ်လို့  နယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦးက သတင်းထောက်ကို ပြောပါတယ်။ 

အဲဒီနောက် စစ်ဆေးဖို့ ရပ်မိန့်ပေးလိုက်တဲ့အခါ တဘက်က ရပ်မပေးဘဲ သေနတ်နဲ့ စတင် ပစ်ခတ်ခဲ့တာကြောင့် နှစ်ဘက် ၅ မိနစ်လောက် အပြန်အလှန်ပစ်မှုဖြစ်ခဲ့ပြီး ထိုင်းဘက်က ထိခိုက်ဒဏ်ရာရသူမရှိကြောင်း၊  အသံတွေငြိမ်သွားတော့ ထိုင်းစစ်တပ်ဘက်က နယ်မြေဝင်ရောက်ရှင်းလင်းရာမှာ တဘက်မှာလည်း ဒဏ်ရာရသူ၊ သေဆုံးသူ တဦးတယောက်မှ မတွေ့ရှိဘဲ ကျောပိုးအိတ်အသွင်ပြောင်းထားတဲ့ မြွေရေခွံအိတ်တလုံးကျကျန်ခဲ့ကာ အထဲမှာ စိတ်ကြွဆေးပြား ၁၃၀, ၀၀၀ ပါရှိတယ်လို့ ဆိုပါတယ်။ 

ညနေပိုင်းမှာ ချိုင်းယာ နဖတ် စစ်ကြောင်း တပ်ရင်းမှူး ဗိုလ်မှူးကြီး ဝီရချိုင်း ဖောင်းကယောက်နဲ့ တာဝန်ရှိသူတွေ လာရောက်စစ်ဆေးပြီး လိုအပ်သလိုဆက်လက်အရေးယူဖို့  အဆိုပါစိတ်ကြွဆေးတွေကို ဖှန်မြို့နယ်ရဲစခန်းကို သယ်ဆောင်သွားကြောင်း သတင်းမှာ ဖော်ပြသွားပါတယ်။ 

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခု အောက်တိုဘာမှ ၂၀၂၄ ခု ဩဂုတ် ၇ ရက်ထိ မူးယစ်ဆေးဝါးအကြိမ်ပေါင်း ၃၉၀ ကနေ  တရားခံ ၄၁၅ ဦးဖမ်းဆီးရမိခဲ့တယ်၊ အဲဒီအမှုတွေကနေ စိတ်ကြွဆေးပြား သန်းပေါင်း ၁၇၁ ဒဿမ ၈ သန်း၊ ဘိန်းဖြူ ၂၅၆ ဒဿမ ၉ ကီလိုဂရမ်၊ အိုက်စ်ရေခဲမူးယစ်ဆေး ၁၃၆၃ ဒဿမ ၃ ကီလိုဂရမ်၊ ဘိန်းစိမ်း ၁၈၁ ဒဿမ ၁ ကီလိုဂရမ်၊ ခေတာမင်း ၂၉ ဒဿမ ၂ ကီလိုဂရမ် သိမ်းဆည်းရမိတယ်၊ မူးယစ်ဆေးသယ် ဆောင်သူတွေနဲ့ တာဝန်ရှိသူကြား ပစ်ခတ်မှုပေါင်း ၄၃ ကြိမ်ရှိခဲ့ပြီး မူးယစ်သယ်ဆောင်တဲ့ဘက်က ၂၉ ဦးသေဆုံးခဲ့တယ်၊ အကယ်၍ ဖမ်းမမိဘဲ ဘန်ကောက်ထိရောက်ရှိသွားပါက မူးယစ်ဆေးဝါး တန်ဖိုးစုစုပေါင်း ဘတ်သန်းပေါင်း ၂၇၄၃၉ သန်းရရှိမယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။ 

ကိုးကား - KhaoSod News/ Thai PBS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013