DVB Logo
Home
မြန်မာသတင်း
မဏိပူရတွင် တရားမဝင်ရွှေ့ပြောင်း ၁၀,၀၀၀ ကျော်ရှိ၊ မြန်မာအများဆုံးဖြစ်
DVB
·
August 5, 2024
မဏိပူရတွင် တရားမဝင်ရွှေ့ပြောင်း ၁၀,၀၀၀ ကျော်ရှိ၊ မြန်မာအများဆုံးဖြစ်
Donate to DVB

ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်း အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ မဏိပူရပြည်နယ်ထဲကို တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူ ၁၀,၀၀၀ ကျော် ရှိနေတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် အန်ဘီရန်ဆင်းက ပြောတဲ့အကြောင်း India Today သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူတွေထဲမှာတော့ မြန်မာအပါအဝင်၊ ဘင်္ဂလားဒေ့ရှ်၊ နော်ဝေ၊ တရုတ်၊ နီပေါနိုင်ငံတွေက ပါဝင်နေတယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က ပြုလုပ်တဲ့ မဏိပူရဥပဒေပြုလွှတ်တော် ဆဋ္ဌမအကြိမ် အစည်းအဝေးမှာ ပြောလိုက်တာပါ။

ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်းမှာ အဲဒီ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာ သူ ၁၀,၀၀၀ ကျော်ထဲက ၈၅ ဦးကို နေရပ်ပြန်လည်ပို့ဆောင်ပြီးဖြစ်သလို ၁၄၃ ဦးကိုတော့ ထိန်းသိမ်းရေးစခန်းတွေမှာ ထားရှိပြီး ထိန်းသိမ်းရေးစခန်းတွေက အကျဉ်းသားတွေ စနစ်တကျ ပြုစုစောင့်ရှောက်ရေးအတွက် အိန္ဒိယ ရူပီးငွေ ၈၅ သိန်းကျော် သုံးစွဲခဲ့တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

ဒါ့အပြင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်နိုင်ရေးအတွက် ပြည်ထဲရေးဌာန ကြီးကြပ်မှုအောက်က နယ်စပ်ခရိုင် ၅ ခုမှာ စိစစ်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်း ထားတယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် အန်ဘီရန်ဆင်းက မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ မဖြစ်ပွားခင်ကတည်းက ကော်မတီက တရားမဝင် မြန်မာရွှေ့ပြောင်းနေထိုင်သူ ၂,၄၈၀ ကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ နယ်စပ်ခြံစည်းရိုးခတ်ဖို့ ဗဟိုအစိုးရက ကြေညာထားသလို နယ်ခြားမှတ်တိုင် ၇၉ ကနေ ၈၁ ကြား နယ်နိမိတ်စည်းရိုး အရှည် ၉ ဒသမ ၂၁၄ ကီလိုမီတာ ပြီးစီးနေပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။

တချိန်တည်းမှာပဲ မဏိပူရပြည်နယ်မှာ ကီလိုမီတာ ၁၂၀ နယ်စပ်ခြံစည်းရိုးခတ်ဖို့ အဆိုပြုချက်ကို ကီလိုမီတာ ၈၀ အတွက် ပြည်ထဲရေးဝန်ကြီးဌာနဆီ တင်ပြခဲ့ပြီး အရှည် ၂၁ ဒသမ ၈၆ ကီလိုမီတာ ကနဦးလုပ်ငန်းတွေ စတင်ထားတယ်လို့လည်း ဆိုပါတယ်။

ခရိုင်ရဲတွေအနေနဲ့ တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေ ဝင်ရောက်လာမှုကို စစ်ဆေးဖို့ အချိန်နဲ့တပြေးညီ လုပ်ဆောင်နေသလို နယ်စပ်ခရိုင် ၅ ခုမှာ တရားမ၀င် ဝင်ရောက်လာသူတွေကို စစ်ဆေးကြပ်မတ်ဖို့လည်း ပြည်နယ်အစိုးရက အရပ်ဘက်နဲ့ ရဲတပ် ဖွဲ့ဝင်တွေ ခန့်အပ်ထားကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ထဲကို တရားမဝင် ဝင်ရောက်လာသူတွေ ပိုပြီးတော့ တိုးပွားလာနေသလို ခရိုင်အတွင်း လုံခြုံရေးတပ်ဖြန့်မှု အားကောင်းစေဖို့အပြင် အုပ်ချုပ်ရေးအဖွဲ့က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဇီဝမှတ်တမ်း အချက်အလက် ကောက်ယူမှုတွေလည်း စတင်လုပ်ဆောင်နေပါတယ်။

Source: India Today 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013