DVB Logo
Home
နိုင်ငံတကာ
ဒုသမ္မတလောင်းနေရာ ဆန်ခါတင် ၃ ဦးနှင့် ကမ်မလာဟားရစ် တွေ့ဆုံ
DVB
·
August 5, 2024
ဒုသမ္မတလောင်းနေရာ ဆန်ခါတင် ၃ ဦးနှင့် ကမ်မလာဟားရစ် တွေ့ဆုံ
Donate to DVB

ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်းဖြစ်ဖို့ သေချာသွားပြီဖြစ်တဲ့ ကမ်မလာဟားရစ်ဟာ သူနဲ့တွဲဖက် ဒုတိယသမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မယ့်သူကို အပြီးသတ် မရွေးချယ်ခင် ဆန်ခါတင် ၃ ဦးနဲ့  ဝါရှင်တန်ဒီစီမှာရှိတဲ့ သူ့နေအိမ်မှာ ဩဂုတ် ၄ ရက်က တွေ့ဆုံခဲ့ပါတယ်။

မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူး တင်မ်ဝေါ့ဇ်၊ အရီဇိုးနား အထက်လွှတ်တော်အမတ် မာ့ခ် ကယ်လီ၊ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျို့ရှ် ရှာပီယိုတို့ ၃ ဦးအနက်က တဦးကို ရွေးချယ်မှာဖြစ်ပါတယ်။

ဩဂုတ် ၆ ရက်ကျရင် ဖီလာဒဲလ်ဖီးယားမှာ သူရွေးချယ်ထားတဲ့ ဒုသမ္မတလောင်းနဲ့အတူ ပထမဆုံးအကြိမ် လူမြင်ကွင်းထွက် မဲဆွယ်မှာဖြစ်ပါတယ်။

သမ္မတ ဘားရက်အိုးဘားမား လက်ထက် ရှေ့နေချုပ် အီးရစ်ဟိုလ်ဒါရဲ့ ဥပဒေအတိုင်ပင်ခံအဖွဲ့ Covington & Burling LLP က ဆန်ခါတင်စာရင်းဝင်တွေရဲ့ ဘဏ္ဍာရေးနဲ့ နောက်ကြောင်းကို စစ်ဆေးပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒုသမ္မတလောင်းရွေးချယ်မှုဟာ ဟားရစ်ရဲ့ နိုင်ငံရေးသက်တမ်းမှာ အရေးပါဆုံး ဆုံးဖြတ်ချက်တခု ဖြစ်လာမှာပါ။

ပြိုင်ပွဲက ဂျိုးဘိုင်ဒင် ရုတ်တရက် နုတ်ထွက်ပေးလိုက်လို့ နံပါတ်တစ်နေရာ ရောက်လာတဲ့ ဟားရစ်ဟာ သူနဲ့တွဲဖက် နံပါတ်နှစ်ကို အကောင်းဆုံးရွေးချယ်ဖို့ လိုနေပါတယ်။

အဓိကအားဖြင့်တော့ ကျေးလက်၊ လူဖြူ၊ ပါတီစွဲမရှိတဲ့ မဲဆန္ဒရှင်တွေကို ဆွဲဆောင်နိုင်မယ့် လူဖြူအမျိုးသားတဦးကို အဓိကထားရွေးတာ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013