DVB Logo
Home
နိုင်ငံတကာ
အင်ဒိုနီးရှားတွင် ဆေးလိပ်သောက်ခွင့်ရှိသည့် အသက်ကန့်သတ်ချက် တိုးမြှင့်
DVB
·
August 2, 2024
အင်ဒိုနီးရှားတွင် ဆေးလိပ်သောက်ခွင့်ရှိသည့် အသက်ကန့်သတ်ချက် တိုးမြှင့်
Donate to DVB

ကမ္ဘာပေါ်မှာ ဆေးလိပ်သောက်နှုန်းအမြင့်ဆုံး နိုင်ငံတခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ စီးကရက် ဝယ်ယူမှုအတွက် အနည်းဆုံး အသက်ကန့်သတ်ချက်ကို ၁၈ နှစ်မှ ၂၁ နှစ်အထိ တိုးမြှင့်ခဲ့ပြီး ဒါဟာ သေစေတတ်တဲ့ အလေ့အကျင့်ကို တားဆီးဖို့ ရည်ရွယ်ပြီး ကျန်းမာရေး စည်းမျဉ်းတွေကို ဆက်တိုက်အပြောင်းအလဲလုပ်နေမှုရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က သမ္မတ ဂျိုကိုဝီဒိုဒို လက်မှတ်ရေးထိုးခဲ့တဲ့ အစိုးရစည်းမျဉ်းတခုထဲမှာ အင်ဒိုနီးရှားနိုင်ငံဟာ စီးကရက်ဝယ်လိုသူတွေအတွက် အနိမ့်ဆုံးအသက်ကို ၂၁ နှစ်အထိ တိုးမြှင့်ခဲ့ပြီး ဒေသတွင်း လမ်းဘေးစတိုးဆိုင်တွေမှာ ဈေးသက်သာပြီး အသုံးများတဲ့ စီးကရက်တလိပ်ချင်း ရောင်းချတဲ့စနစ်ကိုလည်း တားမြစ်ခဲ့ပါတယ်။

မြို့တော်ရှိ ဆေးလိပ်သောက်သူ အများအပြားက ဒီစည်းမျဥ်းကို ထောက်ခံကြောင်း ဇူလိုင် ၃၁ ရက်က ထုတ်ဖော်ပြောကြားခဲ့ကြပြီး ကျောင်းသားလေးတွေ ဆေးလိပ်မသောက်စေဖို့ ရှင်းလင်းတဲ့ အရေးယူဆောင်ရွက်မှုတွေ လိုအပ်ကြောင်းလည်း အလေးပေး ပြောကြားခဲ့ပါတယ်။

ဆေးလိပ်သောက်သူဦးရေ သန်း ၇၀ လောက်ရှိတဲ့နိုင်ငံမှာ ၇ ဒသမ ၄ ရာခိုင်နှုန်းက အသက် ၁၀ နှစ်မှ ၁၈ နှစ်ကြားဖြစ်ပြီး ၁၅ နှစ်မှ ၁၉ နှစ်အထိက ဆေးလိပ်သောက်သူ အများဆုံး အသက်အုပ်စု ဖြစ်တယ်လို့ အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် စစ်တမ်းတခုမှာ ပြောကြားခဲ့ပါတယ်။ ကြော်ငြာဆိုင်ရာ ပြဋ္ဌာန်းချက်အသစ်ကလည်း ၂ နှစ်အတွင်း အသက်ဝင်မှာ ဖြစ်ပါတယ်။

စျေးပေါပြီး နေရာအနှံ့ ရှိနေတာကြောင့် အင်ဒိုနီးရှားအာဏာပိုင်တွေဟာ ဆေးလိပ်သောက်ခြင်းကို တားမြစ်ဖို့ ကြိုးစားခဲ့ကြပြီး ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ ဆေးလိပ်ထွက်ပစ္စည်းအပေါ် အခွန်ကောက်ခံမှု နှုန်းထားကိုလည်း တိုးမြှင့်ခဲ့ကြပြီး အခုနှစ်မှာတော့ ၁၀ ရာခိုင်နှုန်းအထိ မြှင့်တင်ခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013