DVB Logo
Home
နိုင်ငံတကာ
Search engine အဖြစ် OpenAI စတင်အသုံးပြုနိုင်
DVB
·
July 31, 2024
Search engine အဖြစ် OpenAI စတင်အသုံးပြုနိုင်
Donate to DVB

OpenAI ဟာ Google လိုမျိုး Search engine အဖြစ် စတင်အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။ AI စတင်သုံးစွဲခဲ့တဲ့ OpenAI က Search GPT မှာ စတင်အသုံးပြုမယ့်အကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့တာပါ။

ဒါဟာ AI Search engine တွေရဲ့ ရှေ့ပြေးပုံစံဖြစ်ပြီး အသုံးပြုသူတွေနဲ့ အဖွဲ့အစည်းငယ်တွေ စတင်စမ်းသပ်နိုင်တော့မှာ ဖြစ်ပါတယ်။

Search Tool တွေကို ChatGPT ရဲ့ Chatbot နဲ့ ပူးပေါင်းဆောင်ရွက်ပြီး အကောင်းဆုံး စွမ်းဆောင်ရေ ရအောင် ပြုလုပ်ထားပါတယ်။

OpenAI ရဲ့ ပြောဆိုချက်အရ ရှာဖွေမှုတွေကို အနှစ်ချုပ်ပေးတဲ့ရလဒ် ရရှိမှာဖြစ်ပြီး Links တွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

ဒါဟာ အက္ခရာတွေနဲ့ ရှာဖွေမှုပြုလုပ်ရတဲ့ Google အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတခု ဖြစ်လာဖွယ် ရှိပါတယ်။

Google ဟာ Search Engine ဈေးကွက်မှာ ၉၁ ရာခိုင်နှုန်း လွှမ်းမိုးထားတယ်လို့ ဇွန်လ လေ့လာမှုတွေက ဖော်ပြပါတယ်။

Alphabet ကတော့ ၃ ရာခိုင်နှုန်းထက်တောင် နည်းတယ်လို့ ဖော်ပြပေမဲ့ မိုက်ခရိုဆော့ဖ်နဲ့ ပူးပေါင်းကာ Bing Search Engine မှာ အသုံးပြုဖွယ်ရှိပါတယ်။

Window အသုံးပြုသူတွေက Bing Search Engine ကို အသုံးပြုပြီး Open AI ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013