DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ဝန်ထမ်းနှင့်အငြိမ်းစားဝန်ထမ်းများကို ထောက်ပံ့ကြေးထပ်ပေးမည်
DVB
·
July 26, 2024
စစ်ကောင်စီက ဝန်ထမ်းနှင့်အငြိမ်းစားဝန်ထမ်းများကို ထောက်ပံ့ကြေးထပ်ပေးမည်
Donate to DVB

လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေအပြင် အငြိမ်းစားယူပြီး ဝန်ထမ်းတွေကို သြဂုတ်လကစတင်ပြီး အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုမှာဖြစ်ကြောင်း စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီကနေ့ ဇူလိုင် ၂၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေအတွက် လက်ရှိ လစဉ်ထောက်ပံ့နေတဲ့ အပိုထောက်ပံ့ကြေး ၃၀,၀၀၀ ကျပ်အပြင် ထပ်မံပြီး ကျပ် ၃၀,၀၀၀ ကျပ်ကို အပိုထောက်ပံ့ကြေးအဖြစ် ၂၀၂၄ ခုနှစ် သြဂုတ်လက စတင်ပြီး လစဉ် ခံစားခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ နိုင်ငံ့ဝန်ထမ်းတွေကို လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တဦးကို တလ ၃၀,၀၀၀ ကျပ် စတင်ခံစားခွင့်ပေးခဲ့ပါတယ်။

အခုအကြိမ် ထပ်မံပေးတဲ့ အပိုထောက်ပံ့ကြေးမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေအပြင် နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ပြီး ပင်စင်ယူထားတဲ့ အငြိမ်းစား ဝန်ထမ်းတွေကိုပါ တဦးကို တလ ၃၀,၀၀၀ ကျပ် လစဉ် ခံစားခွင့်ပေးသွားမှာ ဖြစ်ပါတယ်။

အငြိမ်းစားဝန်ထမ်းတွေအတွက် ထောက်ပံ့ကြေးကို ၂၀၂၄ ခုနှစ် သြဂုတ် ၁ ရက်မှာ စတင်ခံစားပြုမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013