DVB Logo
Home
မြန်မာသတင်း
လားရှိုးမြို့ ခလရ ၄၁ တိုက်ပွဲတွင် စစ်ဦးစီးမှူး ဗိုလ်မှူးကြီး သန့်ဇင်ဝင်း သေဆုံး
DVB
·
July 22, 2024
လားရှိုးမြို့ ခလရ ၄၁ တိုက်ပွဲတွင် စစ်ဦးစီးမှူး ဗိုလ်မှူးကြီး သန့်ဇင်ဝင်း သေဆုံး
Donate to DVB

လားရှိုးမြို့အဝင် ခလရ ၄၁ တပ်ရင်းအနီး ဇူလိုင် ၂၁ ရက်ညက MNDAA ကိုးကန့်တပ်တွေနဲ့ ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် စစ်ဦးစီးမှူး ဗိုလ်မှူးကြီး သန့်ဇင်ဝင်း သေဆုံးသွားတယ်လို့ စစ်ဘက်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

လားရှိုးမြို့ ခမရ ၅၀၇ တပ်ရင်းနဲ့ ခလရ ၄၁ တပ်ရင်းကို စစ်ဗျူဟာတွေ လမ်းညွှန်ပေးနေတဲ့ ဗိုလ်မှူးကြီး သန့်ဇင်ဝင်းဟာ ဇူလိုင် ၂၁ ရက်ညက ခလရ ၄၁ တိုက်ပွဲမှာ သေဆုံးသွားတာလို့ စစ်သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ညက ဗျူဟာမှူးကျသွားတယ်၊ စစ်ဦးစီးမှူးတာဝန်ယူထားတာ။ တိုက်ပွဲတွေကို သူပဲ ဦးစီးတာ၊ ခလရ ၄၁ တိုက်ပွဲမှာကျသွားတာ။ အခုလည်း ခလရ ၄၁ ရော၊ ခမရ ၅၀၇ မှာရော တိုက်ပွဲတွေ ဖြစ်နေတုန်းပဲ။” 

ဗိုလ်မှူးကြီး သန့်ဇင်ဝင်းမှာ တေဇ ၂၈ ကျောင်းဆင်းတဦးဖြစ်ကာ စစ်ဦးစီးမှူးကနေ တိုင်းစစ်ဦးစီးချုပ်ရာထူး လစာရနေသူတဦးဖြစ်ပြီး မကြာခင် ဗိုလ်မှူးချုပ်ရာထူး တိုးမြှင့်တော့မယ်လို့ ရမခနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ဗိုလ်မှူးချုပ် လစာစားနေပြီ၊ ဗျူဟာမှူးက တပ်ရင်း ၃ ရင်းကို ဦးဆောင်ရတာ။ မနေ့ည ၉ နာရီခွဲကကျသွားတာ Dade Body ပြန်ရတယ်။” 

လက်ရှိအခြေအနေအထိ ခမရ ၅၀၇ တပ်ရင်းနဲ့ ခလရ ၄၁ တပ်ရင်းမှာ MNDAA နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေပြင်းထန်းနေတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

MNDAA ကတော့ ဇူလိုင်လကုန်အထိ ထိုးစစ်တွေရပ်ထားမယ်လို့ ကြေညာထားမဲ့ လားရှိုးမြို့နဲ့ အနီးတ၀ိုက်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013